20. ဂျူးလူမျိုးတို့ကလည်း “ဤဗိမာန်တော်ကိုတည်ဆောက်ရန် လေးဆယ့်ခြောက်နှစ်ကြာ၏။ သင်မူကား ၎င်းကို သုံးရက်အတွင်းတည်ဆောက်မည်လော”ဟု ဆိုကြ၏။
21. သို့ရာတွင် ယေရှုသည် မိမိကိုယ်ခန္ဓာတည်းဟူသောဗိမာန်တော်ကို ရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။
22. ထို့ကြောင့် ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သောဤစကားကို ပြန်လည်သတိရကာ ကျမ်းစာနှင့် ယေရှုမိန့်တော်မူသောစကားကို ယုံကြည်ကြ၏။
23. ပသခါပွဲတော်အတောအတွင်း ဂျေရုဆလင်မြို့၌ ယေရှုရှိတော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ပြုတော်မူသောနိမိတ်လက္ခဏာတို့ကို မြင်ရသဖြင့် ကိုယ်တော်၏နာမတော်ကိုယုံကြည်ကြ၏။
24. သို့သော် ယေရှုသည် မိမိကိုယ်ကို သူတို့ထံ၌ပုံအပ်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် လူခပ်သိမ်းတို့ကိုသိတော်မူ၍