ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 2:18-25 Myanmar Standard Bible (MSB)

18. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က ကိုယ်​တော်​အား “သင်​သည် ဤ​သို့​ပြု​ခြင်း​အ​တွက် မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို ငါ​တို့​အား​ပြ​မည်​နည်း”​ဟု ဆို​ကြ​၏။

19. ယေ​ရှု​က​လည်း “ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ကြ​လော့။ ငါ​သည် ၎င်း​ကို သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည်”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်​မူ​၏။

20. ဂျူး​လူ​မျိုး​တို့​က​လည်း “ဤ​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် လေး​ဆယ့်​ခြောက်​နှစ်​ကြာ​၏။ သင်​မူ​ကား ၎င်း​ကို သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည်​လော”​ဟု ဆို​ကြ​၏။

21. သို့​ရာ​တွင် ယေ​ရှု​သည် မိ​မိ​ကိုယ်​ခန္ဓာ​တည်း​ဟူ​သော​ဗိ​မာန်​တော်​ကို ရည်​ညွှန်း​၍ မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။

22. ထို့​ကြောင့် ယေ​ရှု​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သော​ဤ​စ​ကား​ကို ပြန်​လည်​သ​တိ​ရ​ကာ ကျမ်း​စာ​နှင့် ယေ​ရှု​မိန့်​တော်​မူ​သော​စ​ကား​ကို ယုံ​ကြည်​ကြ​၏။

23. ပ​သ​ခါ​ပွဲ​တော်​အ​တော​အ​တွင်း ဂျေ​ရု​ဆ​လင်​မြို့​၌ ယေ​ရှု​ရှိ​တော်​မူ​စဉ် များ​စွာ​သော​လူ​တို့​သည် ကိုယ်​တော်​ပြု​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို မြင်​ရ​သ​ဖြင့် ကိုယ်​တော်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​ကြ​၏။

24. သို့​သော် ယေ​ရှု​သည် မိ​မိ​ကိုယ်​ကို သူ​တို့​ထံ​၌​ပုံ​အပ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် လူ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၍

25. လူ​၏​စိတ်​ထဲ​၌​ရှိ​သော​အ​ရာ​ကို​သိ​တော်​မူ​သော​ကြောင့် လူ​၏​အ​ကြောင်း​ကို မည်​သူ​က​မျှ သက်​သေ​ခံ​ပေး​ရန်​မ​လို​အပ်​ပေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 2