ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 2:10-21 Myanmar Standard Bible (MSB)

10. “လူ​တိုင်း ကောင်း​သော​စ​ပျစ်​ဝိုင်​ကို ဦး​စွာ​ချ​ပေး​ပြီး လူ​တို့​ယစ်​မူး​ကြ​သော​အ​ခါ​မှ အ​ညံ့​ကို​ချ​ပေး​လေ့​ရှိ​၏။ သင်​မူ​ကား ကောင်း​သော​စ​ပျစ်​ဝိုင်​ကို ယ​ခု​အ​ထိ သိမ်း​ထား​ပြီ​တ​ကား”​ဟု ဆို​၏။

11. ယေ​ရှု​သည် ဤ​ပ​ထ​မ​နိ​မိတ်​လက္ခ​ဏာ​ကို ဂါ​လိ​လဲ​နယ်၊ ကာ​န​မြို့​၌​ပြု​လျက် မိ​မိ​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

12. ထို့​နောက် ကိုယ်​တော်​သည် မယ်​တော်၊ ညီ​တော်​များ၊ တ​ပည့်​တော်​များ​နှင့်​အ​တူ က​ပေ​ရ​နောင်​မြို့​သို့​ကြွ​၍ ထို​မြို့​၌ ရက်​အ​နည်း​ငယ်​နေ​တော်​မူ​၏။

13. ဂျူး​လူ​မျိုး​တို့​၏​ပ​သ​ခါ​ပွဲ​တော်​နီး​ကပ်​လာ​ပြီ​ဖြစ်​သ​ဖြင့် ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ကြွ​တော်​မူ​၏။

14. ဗိ​မာန်​တော်​၌ သိုး၊ နွား​နှင့် ချိုး​ငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​မှ​စ​၍ ငွေ​လဲ​ပွဲ​စား​များ​ထိုင်​နေ​သည်​ကို တွေ့​တော်​မူ​ရာ

15. ကိုယ်​တော်​သည် ကြိုး​များ​ဖြင့် ကျာ​ပွတ်​ကို​ပြု​လုပ်​ပြီး​လျှင် သိုး၊ နွား​တို့​နှင့်​တ​ကွ ထို​သူ​အ​ပေါင်း​တို့​ကို ဗိ​မာန်​တော်​ထဲ​မှ​နှင်​ထုတ်​၍ ငွေ​ကြေး​လဲ​လှယ်​သူ​တို့​၏​ဒင်္ဂါး​များ​ကို​သွန်​ချ​ကာ သူ​တို့​၏​စား​ပွဲ​များ​ကို​မှောက်​လှန်​တော်​မူ​၏။

16. ချိုး​ငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​အား​လည်း “ဤ​ဥစ္စာ​များ​ကို ဤ​နေ​ရာ​မှ​ယူ​သွား​ကြ​လော့။ ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​ကို ဈေး​ရုံ​မ​ဖြစ်​စေ​ကြ​နှင့်”​ဟု မိန့်​တော်​မူ​၏။

17. တ​ပည့်​တော်​တို့​သည် “ကိုယ်​တော်​၏​အိမ်​တော်​အ​တွက် ထက်​သန်​သော​စိတ်​သည် အ​ကျွန်ုပ်​ကို​လွှမ်း​မိုး​လျက်​ရှိ​ပါ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​ကို သ​တိ​ရ​ကြ​၏။

18. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က ကိုယ်​တော်​အား “သင်​သည် ဤ​သို့​ပြု​ခြင်း​အ​တွက် မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို ငါ​တို့​အား​ပြ​မည်​နည်း”​ဟု ဆို​ကြ​၏။

19. ယေ​ရှု​က​လည်း “ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ကြ​လော့။ ငါ​သည် ၎င်း​ကို သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည်”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်​မူ​၏။

20. ဂျူး​လူ​မျိုး​တို့​က​လည်း “ဤ​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် လေး​ဆယ့်​ခြောက်​နှစ်​ကြာ​၏။ သင်​မူ​ကား ၎င်း​ကို သုံး​ရက်​အ​တွင်း​တည်​ဆောက်​မည်​လော”​ဟု ဆို​ကြ​၏။

21. သို့​ရာ​တွင် ယေ​ရှု​သည် မိ​မိ​ကိုယ်​ခန္ဓာ​တည်း​ဟူ​သော​ဗိ​မာန်​တော်​ကို ရည်​ညွှန်း​၍ မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 2