1. ထို့နောက် သုံးရက်မြောက်သောနေ့၌ ဂါလိလဲနယ်၊ ကာနမြို့တွင် မင်္ဂလာဆောင်ပွဲတစ်ခုကျင်းပရာ ယေရှု၏မယ်တော်သည် ထိုနေရာ၌ရှိ၏။
2. ယေရှုနှင့်တပည့်တော်တို့သည်လည်း ထိုမင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ခြင်းခံရကြ၏။
3. စပျစ်ဝိုင်ကုန်သောအခါ ယေရှု၏မယ်တော်က “သူတို့တွင် စပျစ်ဝိုင်မရှိတော့ပါ”ဟု ပြောကြား၏။
4. ယေရှုကလည်း “အသင်အမျိုးသမီး၊ ဤအမှု၌ သင်နှင့်ငါ မည်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေး”ဟု မိန့်တော်မူ၏။
5. မယ်တော်သည် အစေခံတို့အား “သူစေခိုင်းသမျှတို့ကို ဆောင်ရွက်ကြပါ”ဟု ဆို၏။
6. ထိုနေရာ၌ ဂျူးလူမျိုးတို့၏စင်ကြယ်ခြင်းဝတ်အတွက် ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်စီဆန့်သော ကျောက်ရေအိုးခြောက်လုံးထားလျက်ရှိ၏။