ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16:5-17 Myanmar Standard Bible (MSB)

5. ယ​ခု​မူ​ကား ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ထံ​သို့ ငါ​သွား​တော့​မည်။ သို့​သော် သင်​တို့​ထဲ​မှ မည်​သူ​က​မျှ ‘ကိုယ်​တော်​သည် မည်​သည့်​အ​ရပ်​သို့ သွား​မည်​နည်း’​ဟု ငါ့​အား မ​မေး​ကြ။

6. ထို့​ပြင် ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​သော​ကြောင့် သင်​တို့​စိတ်​နှ​လုံး​သည် ဝမ်း​နည်း​ခြင်း​နှင့် ပြည့်​လျက်​ရှိ​၏။

7. သို့​သော် ငါ​သည် သင်​တို့​အား ဟုတ်​မှန်​ရာ​ကို​ပြော​မည်။ ငါ​သွား​ရ​ခြင်း​သည် သင်​တို့​အ​တွက်​အ​ကျိုး​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​မ​သွား​လျှင် ကူ​ညီ​မ​စ​သူ​သည် သင်​တို့​ထံ​သို့​လာ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား ထို​အ​ရှင်​ကို သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။

8. ထို​အ​ရှင်​ရောက်​လာ​သော​အ​ခါ လော​ကီ​သား​တို့​အား အ​ပြစ်​အ​ကြောင်း၊ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​နှင့် တ​ရား​စီ​ရင်​ခြင်း​အ​ကြောင်း​တို့​ကို ဖော်​ပြ​မည်။

9. သူ​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်​ကြ​သော​ကြောင့် အ​ပြစ်​အ​ကြောင်း​ကို​လည်း​ကောင်း၊

10. ငါ​သည် ခ​မည်း​တော်​ထံ​သို့​သွား​၍ သင်​တို့​သည် ငါ့​ကို​တွေ့​မြင်​ရ​တော့​မည်​မ​ဟုတ်​သော​ကြောင့် ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊

11. ဤ​လော​က​ကို​အုပ်​ချုပ်​သူ​သည် တ​ရား​စီ​ရင်​ခြင်း​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ဖော်​ပြ​မည်။

12. သင်​တို့​အား ငါ​ပြော​စ​ရာ​များ​စွာ​ရှိ​သေး​သော်​လည်း သင်​တို့​သည် ယ​ခု​မ​ခံ​ယူ​နိုင်​ကြ။

13. သို့​ရာ​တွင် သမ္မာ​တ​ရား​၏​ဝိ​ညာဉ်​တော်​ရောက်​လာ​သော​အ​ခါ သမ္မာ​တ​ရား​အ​လုံး​စုံ​ထဲ​သို့ သင်​တို့​ကို လမ်း​ပြ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​ဝိ​ညာဉ်​တော်​သည် မိ​မိ​ဆန္ဒ​အ​လျောက် မြွက်​ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သ​မျှ​တို့​ကို မြွက်​ဆို​တော်​မူ​၍ နောင်​ဖြစ်​လာ​မည့်​အ​ရာ​တို့​ကို သင်​တို့​အား ဖော်​ပြ​တော်​မူ​လိမ့်​မည်။

14. ထို​အ​ရှင်​သည် ငါ​နှင့်​ဆိုင်​သော​အ​ရာ​ကို​ယူ​၍ သင်​တို့​အား ဖော်​ပြ​မည်​ဖြစ်​သော​ကြောင့် ငါ့​ဘုန်း​ကို​ထင်​ရှား​စေ​မည်။

15. ခ​မည်း​တော်​၌​ရှိ​သော​အ​ရာ​အား​လုံး​တို့​သည် ငါ​နှင့်​ဆိုင်​သော​အ​ရာ​ဖြစ်​၏။ ထို့​ကြောင့် ဝိ​ညာဉ်​တော်​သည် ငါ​နှင့်​ဆိုင်​သော​အ​ရာ​ကို​ယူ​၍ သင်​တို့​အား​ဖော်​ပြ​မည်​ဟု ငါ​ဆို​ခဲ့​၏။

16. ခ​ဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​တော့​မည်​မ​ဟုတ်။ သို့​ရာ​တွင် နောက်​ထပ် ခ​ဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့​မြင်​ကြ​ရ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

17. ထို​အ​ခါ တ​ပည့်​တော်​အ​ချို့​တို့​သည် “‘ခ​ဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​မည်​မ​ဟုတ်။ သို့​ရာ​တွင် နောက်​ထပ် ခ​ဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့​မြင်​ကြ​ရ​လိမ့်​မည်’​ဟူ​၍​လည်း​ကောင်း၊ ‘ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​တော့​မည်’​ဟူ​၍​လည်း​ကောင်း ငါ​တို့​အား မိန့်​တော်​မူ​သော​ဤ​စ​ကား​မှာ မည်​သို့​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16