ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16:25-33 Myanmar Standard Bible (MSB)

25. ဤ​အ​ရာ​များ​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် သင်​တို့​အား ငါ​ဟော​ပြော​ခဲ့​သော်​လည်း ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​ပြော​တော့​ဘဲ ခ​မည်း​တော်​၏​အ​ကြောင်း​ကို သင်​တို့​အား အ​တိ​အ​လင်း​ငါ​ဖော်​ပြ​မည့်​အ​ချိန်​ကာ​လ​ရောက်​လာ​တော့​မည်။

26. ထို​နေ့​တွင် သင်​တို့​သည် ငါ့​နာ​မ​၌ တောင်း​လျှောက်​ကြ​လိမ့်​မည်။ သင်​တို့​အ​တွက် ခ​မည်း​တော်​ထံ ငါ​တောင်း​ပေး​မည်​ဟု ငါ​မ​ဆို​ပေ။

27. အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ့​ကို​ချစ်​၍ ငါ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​သည်​ကို ယုံ​ကြည်​ကြ​သော​ကြောင့် ခ​မည်း​တော်​ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ​၏။

28. ငါ​သည် ခ​မည်း​တော်​ထံ​မှ ကြွ​လာ​၍ ဤ​လော​က​သို့ ရောက်​ခဲ့​၏။ တစ်​ဖန် ဤ​လော​က​မှ ထွက်​ခွာ​၍ ခ​မည်း​တော်​ထံ​သို့ သွား​တော့​မည်”​ဟု မိန့်​တော်​မူ​၏။

29. တ​ပည့်​တော်​တို့​က “ယ​ခု ကိုယ်​တော်​သည် ပုံ​ဥ​ပ​မာ​ကို​မ​ဆောင်​တော့​ဘဲ အ​တိ​အ​လင်း​မြွက်​ဆို​တော်​မူ​၏။

30. ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို သိ​မြင်​တော်​မူ​၍ မည်​သူ​မျှ ကိုယ်​တော်​ကို မေး​လျှောက်​စ​ရာ​မ​လို​ကြောင်း ယ​ခု အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ဤ​အ​ကြောင်း​ကို​ထောက်​၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့​ယုံ​ကြည်​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။

31. ယေ​ရှု​က​လည်း “ယ​ခု သင်​တို့​ယုံ​ကြည်​ကြ​သ​လော။

32. ကြည့်​ရှု​လော့။ သင်​တို့​သည် တစ်​ကွဲ​တစ်​ပြား​စီ​ဖြစ်​လျက် မိ​မိ​တို့​အိမ်​သို့ အ​သီး​သီး​ပြန်​သွား​ကြ​ကာ ငါ့​ကို တစ်​ကိုယ်​တည်း​ပစ်​ထား​မည့်​အ​ချိန်​ရောက်​လာ​မည်​ဖြစ်​ရာ ယ​ခု​ပင်​ရောက်​လာ​လေ​ပြီ။ သို့​ရာ​တွင် ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် ငါ​သည် တစ်​ကိုယ်​တည်း​မ​ဟုတ်။

33. သင်​တို့​သည် ငါ့​အား​ဖြင့် ငြိမ်​သက်​ခြင်း​ရှိ​ကြ​စေ​ရန် ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် ဤ​လော​က​၌ ဆင်း​ရဲ​ဒုက္ခ​နှင့်​ကြုံ​တွေ့​ရ​ကြ​လိမ့်​မည်။ သို့​သော် မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လော​က​ကို​အောင်​နိုင်​ပြီ”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16