ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16:25-29 Myanmar Standard Bible (MSB)

25. ဤ​အ​ရာ​များ​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် သင်​တို့​အား ငါ​ဟော​ပြော​ခဲ့​သော်​လည်း ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​ပြော​တော့​ဘဲ ခ​မည်း​တော်​၏​အ​ကြောင်း​ကို သင်​တို့​အား အ​တိ​အ​လင်း​ငါ​ဖော်​ပြ​မည့်​အ​ချိန်​ကာ​လ​ရောက်​လာ​တော့​မည်။

26. ထို​နေ့​တွင် သင်​တို့​သည် ငါ့​နာ​မ​၌ တောင်း​လျှောက်​ကြ​လိမ့်​မည်။ သင်​တို့​အ​တွက် ခ​မည်း​တော်​ထံ ငါ​တောင်း​ပေး​မည်​ဟု ငါ​မ​ဆို​ပေ။

27. အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ့​ကို​ချစ်​၍ ငါ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​သည်​ကို ယုံ​ကြည်​ကြ​သော​ကြောင့် ခ​မည်း​တော်​ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ​၏။

28. ငါ​သည် ခ​မည်း​တော်​ထံ​မှ ကြွ​လာ​၍ ဤ​လော​က​သို့ ရောက်​ခဲ့​၏။ တစ်​ဖန် ဤ​လော​က​မှ ထွက်​ခွာ​၍ ခ​မည်း​တော်​ထံ​သို့ သွား​တော့​မည်”​ဟု မိန့်​တော်​မူ​၏။

29. တ​ပည့်​တော်​တို့​က “ယ​ခု ကိုယ်​တော်​သည် ပုံ​ဥ​ပ​မာ​ကို​မ​ဆောင်​တော့​ဘဲ အ​တိ​အ​လင်း​မြွက်​ဆို​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16