ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16:1-12 Myanmar Standard Bible (MSB)

1. သင်​တို့​စိတ်​မ​ပျက်​စေ​ရန် ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​ထား​၏။

2. လူ​တို့​သည် သင်​တို့​ကို ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ ထုတ်​ပယ်​ကြ​လိမ့်​မည်။ ထို​မျှ​မ​က သင်​တို့​ကို​သတ်​သော​သူ​တိုင်း မိ​မိ​တို့​သည် ဘု​ရား​ဝတ်​ကို​ပြု​နေ​သည်​ဟု ထင်​မှတ်​သော​အ​ချိန်​ကာ​လ​ရောက်​လာ​တော့​မည်။

3. သူ​တို့​သည် ခ​မည်း​တော်​ကို​လည်း​ကောင်း၊ ငါ့​ကို​လည်း​ကောင်း မ​သိ​သော​ကြောင့် ထို​သို့​ပြု​ကြ​လိမ့်​မည်။

4. ထို​အ​ချိန်​ကာ​လ​ရောက်​လာ​သော​အ​ခါ ငါ​သည် ဤ​သို့​ပြော​ခဲ့​ကြောင်း သင်​တို့​သ​တိ​ရ​စေ​ရန် ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​အား ပြော​ထား​၏။ ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​နေ​သော​ကြောင့် ဤ​အ​ကြောင်း​အ​ရာ​များ​ကို အ​စ​အ​ဦး​၌ သင်​တို့​အား မ​ပြော​ခဲ့​ပေ။

5. ယ​ခု​မူ​ကား ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ထံ​သို့ ငါ​သွား​တော့​မည်။ သို့​သော် သင်​တို့​ထဲ​မှ မည်​သူ​က​မျှ ‘ကိုယ်​တော်​သည် မည်​သည့်​အ​ရပ်​သို့ သွား​မည်​နည်း’​ဟု ငါ့​အား မ​မေး​ကြ။

6. ထို့​ပြင် ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​သော​ကြောင့် သင်​တို့​စိတ်​နှ​လုံး​သည် ဝမ်း​နည်း​ခြင်း​နှင့် ပြည့်​လျက်​ရှိ​၏။

7. သို့​သော် ငါ​သည် သင်​တို့​အား ဟုတ်​မှန်​ရာ​ကို​ပြော​မည်။ ငါ​သွား​ရ​ခြင်း​သည် သင်​တို့​အ​တွက်​အ​ကျိုး​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​မ​သွား​လျှင် ကူ​ညီ​မ​စ​သူ​သည် သင်​တို့​ထံ​သို့​လာ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား ထို​အ​ရှင်​ကို သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည်။

8. ထို​အ​ရှင်​ရောက်​လာ​သော​အ​ခါ လော​ကီ​သား​တို့​အား အ​ပြစ်​အ​ကြောင်း၊ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​နှင့် တ​ရား​စီ​ရင်​ခြင်း​အ​ကြောင်း​တို့​ကို ဖော်​ပြ​မည်။

9. သူ​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်​ကြ​သော​ကြောင့် အ​ပြစ်​အ​ကြောင်း​ကို​လည်း​ကောင်း၊

10. ငါ​သည် ခ​မည်း​တော်​ထံ​သို့​သွား​၍ သင်​တို့​သည် ငါ့​ကို​တွေ့​မြင်​ရ​တော့​မည်​မ​ဟုတ်​သော​ကြောင့် ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊

11. ဤ​လော​က​ကို​အုပ်​ချုပ်​သူ​သည် တ​ရား​စီ​ရင်​ခြင်း​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ဖော်​ပြ​မည်။

12. သင်​တို့​အား ငါ​ပြော​စ​ရာ​များ​စွာ​ရှိ​သေး​သော်​လည်း သင်​တို့​သည် ယ​ခု​မ​ခံ​ယူ​နိုင်​ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 16