ဓမ္မသစ်ကျမ်း

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 1:1-6 Myanmar Standard Bible (MSB)

1. ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျွန် ငါ​ယာ​ကုပ်​သည် အ​ရပ်​ရပ်​တို့​၌​ကွဲ​လွင့်​ပျံ့​နှံ့​နေ​သော မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​စု​တို့​အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​၏။

2. ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​မျိုး​မျိုး​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကြုံ​တွေ့​ရ​သော​အ​ခါ ဝမ်း​မြောက်​စ​ရာ​သက်​သက်​ဖြစ်​သည်​ဟု မှတ်​ယူ​ကြ​လော့။

3. အ​ကြောင်း​မူ​ကား သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စစ်​ကြော​စုံ​စမ်း​ခြင်း​သည် သည်း​ခံ​ခြင်း​ကို​ဖြစ်​ပေါ်​စေ​ကြောင်း သင်​တို့​သိ​ကြ​၏။

4. သင်​တို့​သည် မည်​သည့်​ချို့​တဲ့​မှု​မျှ​မ​ရှိ​ဘဲ ရင့်​ကျက်​၍​ပြည့်​စုံ​သော​သူ​ဖြစ်​ကြ​မည့်​အ​ကြောင်း ထို​သည်း​ခံ​ခြင်း​စုံ​လင်​သည့်​တိုင်​အောင် ပြု​စု​ကြ​လော့။

5. သင်​တို့​ထဲ​တွင် ဉာဏ်​ပ​ညာ​လို​အပ်​သော​သူ​ရှိ​လျှင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်​သိမ်း​သော​သူ​တို့​အား ရက်​ရော​စွာ​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တောင်း​လျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်​မည်။

6. သို့​သော် သံ​သ​ယ​စိတ်​မ​ရှိ​ဘဲ ယုံ​ကြည်​သော​စိတ်​နှင့် တောင်း​လျှောက်​ရ​မည်။ အ​ကြောင်း​မူ​ကား သံ​သ​ယ​စိတ်​ရှိ​သော​သူ​သည် လေ​တိုက်​၍​ထ​ကြွ​လှုပ်​ရှား​တတ်​သော ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့်​တူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 1