အခန်းကြီး

  1. 1
  2. 2
  3. 3

ဓမ္မသစ်ကျမ်း

ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2 Myanmar Standard Bible (MSB)

ဆ​ရာ​အ​တု​အ​ယောင်​ခံ​ရ​မည့် တ​ရား​စီ​ရင်​ခြင်း

1. သို့​သော် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​သည် လူ​မျိုး​တော်​ထဲ​၌​ပေါ်​လာ​ကြ​သ​ကဲ့​သို့ သင်​တို့​ထဲ​၌​လည်း ဆ​ရာ​အ​တု​အ​ယောင်​များ​ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်​စေ​သည့် မှား​ယွင်း​သော​အ​ယူ​ဝါ​ဒ​များ​ကို လျှို့​ဝှက်​စွာ​ယူ​ဆောင်​လာ​၍ မိ​မိ​တို့​ကို ရွေး​နုတ်​ဝယ်​ယူ​သော​သ​ခင်​ကို​ပင် ငြင်း​ပယ်​ကာ မိ​မိ​တို့​အ​ပေါ် လျင်​မြန်​သော​ပျက်​စီး​ခြင်း​ကို ကျ​ရောက်​စေ​ကြ​လိမ့်​မည်။

2. များ​စွာ​သော​လူ​တို့​သည်​လည်း ထို​သူ​တို့​၏​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​နောက်​သို့​လိုက်​သ​ဖြင့် သမ္မာ​တ​ရား​လမ်း​သည် ထို​သူ​တို့​ကြောင့် စော်​ကား​ပြော​ဆို​ခြင်း​ခံ​ရ​လိမ့်​မည်။

3. သူ​တို့​သည် လော​ဘ​စိတ်​ဖြင့် လုပ်​ကြံ​ဖန်​တီး​သော​စ​ကား​များ​ကို​ပြော​ဆို​လျက် သင်​တို့​အ​ပေါ် အ​မြတ်​ထုတ်​ကြ​လိမ့်​မည်။ သူ​တို့​ခံ​ရ​မည့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​သည် ရှေး​ယ​ခင်​က​ပင် ဖင့်​နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်​စီး​ခြင်း​သည်​လည်း ငိုက်​မျဉ်း​ခြင်း​မ​ရှိ။

4. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် အ​ပြစ်​ပြု​သည့်​ကောင်း​ကင်​တ​မန်​များ​ကို ညှာ​တာ​တော်​မ​မူ​ဘဲ အ​ဝီ​စိ​င​ရဲ​ထဲ​သို့ ပစ်​ချ​၍ မှောင်​မည်း​ခြင်း​၏​သံ​ကြိုး​ဖြင့် ချည်​နှောင်​ကာ တ​ရား​စီ​ရင်​ခြင်း​အ​တွက် ထိန်း​သိမ်း​ထား​တော်​မူ​၏။

5. ရှေး​ဟောင်း​ကမ္ဘာ​ကို​လည်း ညှာ​တာ​တော်​မ​မူ​ဘဲ ထို​ဘု​ရား​တ​ရား​မဲ့​သော​ကမ္ဘာ​ကို ရေ​လွှမ်း​မိုး​စေ​တော်​မူ​၍ ဖြောင့်​မတ်​ခြင်း​တ​ရား​၏​သံ​တော်​ဆင့်​ဖြစ်​သော​နော​ဧ​အ​ပါ​အ​ဝင် လူ​ရှစ်​ဦး​ကို စောင့်​ရှောက်​တော်​မူ​၏။

6. ထို့​ပြင် သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို ပြစ်​ဒဏ်​စီ​ရင်​လျက် ပြာ​ပုံ​အ​ဖြစ်​သို့ ပျက်​သုဉ်း​စေ​ကာ ဘု​ရား​တ​ရား​မဲ့​ဖြစ်​လာ​မည့်​သူ​တို့​အ​တွက် န​မူ​နာ​ဖြစ်​စေ​တော်​မူ​၏။

7. ထို​အ​ခါ စောင့်​စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​ကာ​မ​ဂုဏ်​လိုက်​စား​သော​အ​သက်​ရှင်​နေ​ထိုင်​မှု​ကြောင့် နှောင့်​ယှက်​ခြင်း​ခံ​ရ​သည့် ဖြောင့်​မတ်​သော​လော​တ​ကို ကယ်​နုတ်​တော်​မူ​၏။

8. အ​ကြောင်း​မူ​ကား ထို​ဖြောင့်​မတ်​သော​သူ​သည် သူ​တို့​ထဲ​၌​နေ​ထိုင်​ခဲ့​စဉ် သူ​တို့​၏​တ​ရား​မဲ့​သော​အ​မှု​များ​ကို တွေ့​မြင်​ကြား​သိ​နေ​ရ​၍ နေ့​စဉ်​ရက်​ဆက် သူ​၏​ဖြောင့်​မတ်​သော​စိတ်​ဝိ​ညာဉ်​၌ အ​လွန်​အ​နှောင့်​အ​ယှက်​ဖြစ်​လေ​၏။

9. သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော​သူ​တို့​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ထဲ​မှ ကယ်​နုတ်​ရ​မည်​ကို​လည်း​ကောင်း၊ မ​ဖြောင့်​မတ်​သော​သူ​တို့​ကို တ​ရား​စီ​ရင်​ရာ​နေ့​ရက်​၌ အ​ပြစ်​ဒဏ်​ခံ​စေ​ရန်​ထိန်း​သိမ်း​ထား​ရ​မည်​ကို​လည်း​ကောင်း သိ​တော်​မူ​၏။

10. အ​ထူး​သ​ဖြင့် ညစ်​ညူး​သော​တပ်​မက်​မှု​အား​ဖြင့် သွေး​သား​ဇာ​တိ​နောက်​သို့​လိုက်​၍ အုပ်​စိုး​ခြင်း​ကို​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​ကို ထို​သို့​ထိန်း​သိမ်း​ထား​တော်​မူ​လိမ့်​မည်။ ဤ​သူ​တို့​သည် အ​တင့်​ရဲ​သော​သူ၊ ထင်​ရာ​စိုင်း​တတ်​သော​သူ​ဖြစ်​ကြ​၍ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ဘဲ ဘုန်း​အ​သ​ရေ​ရှိ​သော​သူ​တို့​ကို စော်​ကား​ပြော​ဆို​တတ်​ကြ​၏။

11. ကောင်း​ကင်​တ​မန်​တို့​သည် သူ​တို့​ထက်​ကြီး​မား​သော​အ​စွမ်း​သတ္တိ​နှင့်​တန်​ခိုး​ရှိ​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သူ​တို့​အ​ပေါ် ရှုတ်​ချ​ပြစ်​တင်​သည့်​စီ​ရင်​ခြင်း​ကို မ​ပြု​ကြ။

12. သို့​သော် သူ​တို့​သည် ဖမ်း​ဆီး​ခြင်း​နှင့်​ဖျက်​ဆီး​ခြင်း​ခံ​ရ​ရန်​အ​တွက် ပေါက်​ဖွား​လာ​သည့် ဘာ​သာ​ဘာ​ဝ​ဆင်​ခြင်​ဉာဏ်​မ​ရှိ​သော တိ​ရစ္ဆာန်​များ​ကဲ့​သို့​ဖြစ်​ကြ​ပြီး မိ​မိ​တို့​နား​မ​လည်​သည့်​အ​ရာ​များ​ကို စော်​ကား​ပြော​ဆို​တတ်​ကြ​၏။ သူ​တို့​သည် ထို​တိ​ရစ္ဆာန်​များ​ပျက်​စီး​သ​ကဲ့​သို့ ပျက်​စီး​သွား​၍

13. မ​တ​ရား​မှု​၏​အ​ဖိုး​အ​ခ​အ​ဖြစ် မ​တ​ရား​သ​ဖြင့်​ပြု​မူ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည် နေ့​အ​ချိန်​၌ သောက်​စား​ပျော်​ပါး​ခြင်း​ကို ပျော်​ရွှင်​မှု​ဟု​မှတ်​ယူ​လျက် သင်​တို့​နှင့်​အ​တူ​စား​သောက်​စဉ် မိ​မိ​တို့​၏​လှည့်​ဖြား​မှု​ထဲ​၌ မွေ့​လျော်​ကြ​၍ အ​စွန်း​အ​ထင်း​နှင့်​အ​ပြစ်​အ​နာ​အ​ဆာ​များ​ကဲ့​သို့​ဖြစ်​ကြ​၏။

14. သူ​တို့​၏​မျက်​စိ​သည် ဖောက်​ပြန်​လို​သော​ဆန္ဒ​နှင့်​ပြည့်​နှက်​၍ အ​ပြစ်​ပြု​ရာ​မှ​ရပ်​တန့်​ခြင်း​မ​ရှိ​ကြ။ သူ​တို့​သည် စိတ်​မ​တည်​ကြည်​သော​သူ​တို့​ကို လှည့်​ဖြား​ဆွဲ​ဆောင်​လျက် လော​ဘ​လွန်​ကျူး​ခြင်း​၌​ကျင့်​သား​ရ​သော စိတ်​နှ​လုံး​ရှိ​၍ ကျိန်​ဆဲ​ခြင်း​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။

15. သူ​တို့​သည် ဖြောင့်​တန်း​သော​လမ်း​ကို​စွန့်​ခွာ​၍ လမ်း​လွဲ​ကာ မ​တ​ရား​မှု​ကြောင့်​ရ​ရှိ​သော​အ​ဖိုး​အ​ခ​ကို​နှစ်​သက်​သည့် ဗော်​သော်​၏​သား ဗာ​လမ်​၏​လမ်း​စဉ်​ကို​လိုက်​ကြ​၏။

16. သို့​သော် ဗာ​လမ်​သည် မိ​မိ​၏​မှား​ယွင်း​ခြင်း​အ​တွက် ဆို​ဆုံး​မ​ခြင်း​ကို​ခံ​ရ​၏။ စ​ကား​မ​ပြော​တတ်​သော​မြည်း​သည် လူ​၏​အ​သံ​ဖြင့် စ​ကား​ပြော​လျက် ထို​ပ​ရော​ဖက်​၏​မိုက်​မဲ​မှု​ကို တား​မြစ်​လေ​၏။

17. ထို​သူ​တို့​သည် ခန်း​ခြောက်​သော​စမ်း​ရေ​တွင်း​များ၊ မုန်​တိုင်း​ဖြင့်​လွင့်​ပါ​သွား​သည့်​မိုး​တိမ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အ​တွက် မှောင်​မည်း​သော​အ​မှောင်​ကို ထိန်း​သိမ်း​ထား​လျက်​ရှိ​၏။

18. အ​ကြောင်း​မူ​ကား သူ​တို့​သည် အ​ချည်း​နှီး​ချဲ့​ထွင်​ဝါ​ကြွား​ပြော​ဆို​လျက် မှား​ယွင်း​ခြင်း​၌​အ​သက်​ရှင်​နေ​ထိုင်​သော​သူ​တို့​ထဲ​မှ လွတ်​မြောက်​ခါ​စ​ရှိ​သော​သူ​တို့​ကို သွေး​သား​ဇာ​တိ​၏​တပ်​မက်​ခြင်း​နှင့်​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​တို့​ဖြင့် လှည့်​ဖြား​ဆွဲ​ဆောင်​ကြ​၏။

19. သူ​တို့​သည် ထို​သူ​တို့​အား လွတ်​လပ်​မှု​ကို​ပေး​မည်​ဟု က​တိ​ပေး​လျက်​နှင့် သူ​တို့​ကိုယ်​တိုင်​သည် ပျက်​စီး​ခြင်း​၏​ကျေး​ကျွန်​များ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား လူ​သည် တစ်​စုံ​တစ်​ခု​၏​အ​နိုင်​ယူ​စိုး​မိုး​ခြင်း​ကို​ခံ​ရ​လျှင် ထို​အ​ရာ​၏​ကျေး​ကျွန်​ဖြစ်​၏။

20. ငါ​တို့​၏​သ​ခင်​နှင့် ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​ကို​သိ​ခြင်း​အား​ဖြင့် လော​ကီ​ညစ်​ညူး​ခြင်း​မှ လွတ်​မြောက်​ကြ​ပြီး​နောက် ထို​အ​ရာ​များ​နှင့် တစ်​ဖန်​ပတ်​သက်​ငြိ​တွယ်​လျက် အ​နိုင်​ယူ​စိုး​မိုး​ခြင်း​ကို​ခံ​ရ​လျှင် သူ​တို့​၏​နောက်​ဖြစ်​အင်​သည် ရှေ့​ဖြစ်​အင်​ထက် ဆိုး​ရွား​လေ​၏။

21. အ​ကြောင်း​မူ​ကား ဖြောင့်​မတ်​ခြင်း​လမ်း​ကို​သိ​လျက်​နှင့် မိ​မိ​တို့​ထံ​ပေး​အပ်​ထား​သည့် သန့်​ရှင်း​သော​ပ​ညတ်​တော်​ကို ကျော​ခိုင်း​သည်​ထက် ၎င်း​ကို​မ​သိ​ခဲ့​လျှင် သူ​တို့​အ​တွက် သာ​၍​ကောင်း​၏။

22. ခွေး​သည် မိ​မိ​အန်​ဖတ်​ကို​ပြန်​စား​တတ်​၏။ ရေ​ချိုး​ပြီး​သော​ဝက်​သည် ရွှံ့​တွင်​ပြန်​လူး​တတ်​၏​ဟူ​သော မှန်​ကန်​သည့်​ဆို​ရိုး​စ​ကား​အ​တိုင်း ထို​သူ​တို့​၌​ဖြစ်​ပျက်​လေ​ပြီ။