ဓမ္မသစ်ကျမ်း

ဖိ​လေ​မုန်​ဩ​ဝါ​ဒ​စာ 1:8-22 Myanmar Standard Bible (MSB)

8. ထို့​ကြောင့် ငါ​သည် သင်​ပြု​သင့်​သည့်​အ​ရာ​ကို​ပြု​ရန် အ​မိန့်​ပေး​နိုင်​သည်​ဟု ခ​ရစ်​တော်​အား​ဖြင့် ယုံ​ကြည်​စိတ်​ချ​မှု​အ​ပြည့်​အ​ဝ​ရှိ​သော်​လည်း

9. ချစ်​ခြင်း​မေတ္တာ​အား​ဖြင့် သင့်​အား တောင်း​ပန်​ခြင်း​အ​မှု​ကို​သာ​ပြု​ပါ​၏။ ဤ​သို့ အို​မင်း​သူ​ဖြစ်​ပြီး ယ​ခု​မူ​ကား ခ​ရစ်​တော်​ယေ​ရှု​နှင့်​ဆိုင်​သော​အ​ကျဉ်း​သား​လည်း​ဖြစ်​သည့် ငါ​ပေါ​လု​သည်

10. အ​ချုပ်​အ​နှောင်​ခံ​ရ​စဉ် ငါ့​သား​ဖြစ်​လာ​သော​ဩ​နေ​သိမ်​အ​တွက် သင့်​ကို​တောင်း​ပန်​ပါ​၏။

11. သူ​သည် ယ​ခင်​က သင့်​အ​တွက် အ​သုံး​မ​ဝင်​သူ​ဖြစ်​ခဲ့​သော်​လည်း ယ​ခု​မူ​ကား သင့်​အ​တွက်​ရော ငါ့​အ​တွက်​ပါ အ​သုံး​ဝင်​သူ​ဖြစ်​လာ​၏။

12. သူ့​ကို သင့်​ထံ​သို့ ငါ​ပြန်​ပို့​လိုက်​၏။ သူ​သည် ငါ​၏​အ​သည်း​နှ​လုံး​ဖြစ်​၏။

13. ငါ​သည် ကောင်း​မြတ်​သော​သ​တင်း​အ​တွက် အ​ချုပ်​အ​နှောင်​ခံ​ရ​စဉ် သင့်​ကိုယ်​စား ငါ့​ကို​ကူ​ညီ​ဆောင်​ရွက်​ပေး​နိုင်​ရန် သူ့​ကို ငါ့​ထံ​၌ ခေါ်​ထား​လို​ပါ​၏။

14. သို့​သော် သင်​ပြု​သော​ကောင်း​မှု​သည် မ​လွှဲ​မ​ရှောင်​သာ​၍​ပြု​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိ​မိ​ဆန္ဒ​အ​လျောက်​ဖြစ်​စေ​ရန် သင်​၏​သ​ဘော​တူ​ညီ​ချက်​မ​ပါ​လျှင် မည်​သည့်​အ​ရာ​ကို​မျှ ငါ​မ​ပြု​လို​ပါ။

15. သူ​သည် သင်​နှင့် ခေတ္တ​ခ​ဏ​ကွဲ​ကွာ​ခဲ့​ခြင်း​မှာ သင်​သည် သူ့​ကို ထာ​ဝ​စဉ်​ရ​ရှိ​နိုင်​ရန်​အ​တွက် ဖြစ်​ကောင်း​ဖြစ်​လိမ့်​မည်။

16. ထို​သို့​ဆို​ရာ​၌ ကျွန်​တစ်​ဦး​ကဲ့​သို့​မ​ဟုတ်​တော့​ဘဲ ကျွန်​ထက် ပို​၍​မြတ်​သည့် ချစ်​သော​ညီ​အစ်​ကို​အ​ဖြစ် ရ​ရှိ​ခြင်း​ကို​ဆို​လို​၏။ အ​ထူး​သ​ဖြင့် ငါ့​အ​တွက် ထို​သို့​ဖြစ်​လေ​ပြီ။ သင့်​အ​တွက်​မူ​ကား သွေး​သား​၌​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​၌​လည်း​ကောင်း မည်​မျှ​ပို​၍ ထို​ကဲ့​သို့​ဖြစ်​လိမ့်​မည်​နည်း။

17. သို့​ဖြစ်​၍ သင်​သည် ငါ့​ကို လုပ်​ဖော်​ဆောင်​ဖက်​အ​ဖြစ်​မှတ်​ယူ​လျှင် ငါ့​ကို​လက်​ခံ​သ​ကဲ့​သို့ သူ့​ကို​လက်​ခံ​ပါ​လော့။

18. အ​ကယ်​၍ သူ​သည် သင့်​အ​ပေါ်​၌ ပြစ်​မှား​ခြင်း၊ အ​ကြွေး​တင်​ခြင်း တစ်​စုံ​တစ်​ခု​ရှိ​လျှင် ထို​အ​ရာ​ကို ငါ့​တာ​ဝန်​ထား​လော့။

19. ငါ​ပေါ​လု​သည် ပြန်​လည်​ပေး​ဆပ်​ပါ​မည်​ဟု ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ သင်​ကိုယ်​တိုင်​လည်း ငါ့​အား အ​ကြွေး​တင်​နေ​ကြောင်း​ကို ငါ​မ​ပြော​လို​ပါ။

20. ဟုတ်​ပေ​၏။ ငါ့​ညီ၊ ငါ​သည် သ​ခင်​ဘု​ရား​၌ သင့်​ထံ​မှ အ​ကျိုး​ကျေး​ဇူး​ကို​ရ​ရှိ​လို​ပါ​၏။ ခ​ရစ်​တော်​အား​ဖြင့် ငါ​၏​စိတ်​နှ​လုံး​ကို ငြိမ်​သက်​ချမ်း​သာ​စေ​ပါ​လော့။

21. သင်​၏​နာ​ခံ​ခြင်း​ကို ယုံ​ကြည်​စိတ်​ချ​၍ ငါ​ပြော​သော​အ​ရာ​ထက်​ပင် သင်​ပို​၍​ပြု​မည်​ကို သိ​လျက် သင့်​ထံ​သို့ ငါ​စာ​ရေး​လိုက်​ပါ​၏။

22. တစ်​ချိန်​တည်း​မှာ​ပင် ငါ့​အ​တွက် တည်း​ခို​စ​ရာ​နေ​ရာ​ကို​လည်း ပြင်​ဆင်​ထား​ပါ​လော့။ အ​ကြောင်း​မူ​ကား သင်​တို့​၏​ဆု​တောင်း​ခြင်း​အား​ဖြင့် သင်​တို့​ထံ​သို့​ရောက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်​ဟု ငါ​မျှော်​လင့်​နေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဖိ​လေ​မုန်​ဩ​ဝါ​ဒ​စာ 1