ဓမ္မသစ်ကျမ်း

ဖိ​လေ​မုန်​ဩ​ဝါ​ဒ​စာ 1:1-5 Myanmar Standard Bible (MSB)

1. ခ​ရစ်​တော်​ယေ​ရှု​နှင့်​ဆိုင်​သော​အ​ကျဉ်း​သား​ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​တို့​သည် ချစ်​ရ​သော​ငါ​တို့​၏​လုပ်​ဖော်​ဆောင်​ဖက် ဖိ​လေ​မုန်​မှ​စ​၍

2. ငါ​တို့​နှ​မ​အပ္ပိ၊ ငါ​တို့​၏​ရဲ​ဘော်​ရဲ​ဘက်​အာ​ခိပ္ပု​နှင့် သင်​၏​အိမ်​၌​စု​ဝေး​သော​အ​သင်း​တော်​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

3. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

4. ငါ​သည် ငါ​၏​ဆု​တောင်း​ချက်​များ​ထဲ​တွင် သင့်​ကို​အ​စဉ်​သ​တိ​ရ​လျက် ငါ​၏​ဘု​ရား​သ​ခင်​ကို ကျေး​ဇူး​တင်​၏။

5. အ​ဘယ်​ကြောင့်​ဆို​သော် သ​ခင်​ယေ​ရှု​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​အ​ပေါ်​၌ သင်​ထား​ရှိ​သော သင်​၏​ချစ်​ခြင်း​မေတ္တာ​နှင့်​ယုံ​ကြည်​ခြင်း​အ​ကြောင်း​ကို ငါ​တို့​ကြား​ရ​သော​ကြောင့်​ဖြစ်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဖိ​လေ​မုန်​ဩ​ဝါ​ဒ​စာ 1