ဓမ္မသစ်ကျမ်း

ဖိ​လေ​မုန်​ဩ​ဝါ​ဒ​စာ 1:1-11 Myanmar Standard Bible (MSB)

1. ခ​ရစ်​တော်​ယေ​ရှု​နှင့်​ဆိုင်​သော​အ​ကျဉ်း​သား​ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​တို့​သည် ချစ်​ရ​သော​ငါ​တို့​၏​လုပ်​ဖော်​ဆောင်​ဖက် ဖိ​လေ​မုန်​မှ​စ​၍

2. ငါ​တို့​နှ​မ​အပ္ပိ၊ ငါ​တို့​၏​ရဲ​ဘော်​ရဲ​ဘက်​အာ​ခိပ္ပု​နှင့် သင်​၏​အိမ်​၌​စု​ဝေး​သော​အ​သင်း​တော်​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

3. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

4. ငါ​သည် ငါ​၏​ဆု​တောင်း​ချက်​များ​ထဲ​တွင် သင့်​ကို​အ​စဉ်​သ​တိ​ရ​လျက် ငါ​၏​ဘု​ရား​သ​ခင်​ကို ကျေး​ဇူး​တင်​၏။

5. အ​ဘယ်​ကြောင့်​ဆို​သော် သ​ခင်​ယေ​ရှု​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​အ​ပေါ်​၌ သင်​ထား​ရှိ​သော သင်​၏​ချစ်​ခြင်း​မေတ္တာ​နှင့်​ယုံ​ကြည်​ခြင်း​အ​ကြောင်း​ကို ငါ​တို့​ကြား​ရ​သော​ကြောင့်​ဖြစ်​၏။

6. ထို့​ကြောင့် ခ​ရစ်​တော်​အ​တွက် ငါ​တို့​၌​ရှိ​သည့် ကောင်း​သော​အ​ရာ​အား​လုံး​တို့​ကို သိ​ခြင်း​အား​ဖြင့် သင်​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​သည် ထိ​ရောက်​မှု​ရှိ​သော​အ​ရာ​ဖြစ်​လာ​ရန် ငါ​ဆု​တောင်း​၏။

7. ငါ့​ညီ၊ သန့်​ရှင်း​သူ​တို့​၏​စိတ်​နှ​လုံး​သည် သင့်​အား​ဖြင့် ငြိမ်​သက်​ချမ်း​သာ​မှု​ကို​ခံ​စား​ရ​ပြီ​ဖြစ်​၍ သင်​၏​ချစ်​ခြင်း​မေတ္တာ​ကြောင့် ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​နှင့် တိုက်​တွန်း​အား​ပေး​ခြင်း​တို့​ကို ငါ​ခံ​စား​ရ​၏။

8. ထို့​ကြောင့် ငါ​သည် သင်​ပြု​သင့်​သည့်​အ​ရာ​ကို​ပြု​ရန် အ​မိန့်​ပေး​နိုင်​သည်​ဟု ခ​ရစ်​တော်​အား​ဖြင့် ယုံ​ကြည်​စိတ်​ချ​မှု​အ​ပြည့်​အ​ဝ​ရှိ​သော်​လည်း

9. ချစ်​ခြင်း​မေတ္တာ​အား​ဖြင့် သင့်​အား တောင်း​ပန်​ခြင်း​အ​မှု​ကို​သာ​ပြု​ပါ​၏။ ဤ​သို့ အို​မင်း​သူ​ဖြစ်​ပြီး ယ​ခု​မူ​ကား ခ​ရစ်​တော်​ယေ​ရှု​နှင့်​ဆိုင်​သော​အ​ကျဉ်း​သား​လည်း​ဖြစ်​သည့် ငါ​ပေါ​လု​သည်

10. အ​ချုပ်​အ​နှောင်​ခံ​ရ​စဉ် ငါ့​သား​ဖြစ်​လာ​သော​ဩ​နေ​သိမ်​အ​တွက် သင့်​ကို​တောင်း​ပန်​ပါ​၏။

11. သူ​သည် ယ​ခင်​က သင့်​အ​တွက် အ​သုံး​မ​ဝင်​သူ​ဖြစ်​ခဲ့​သော်​လည်း ယ​ခု​မူ​ကား သင့်​အ​တွက်​ရော ငါ့​အ​တွက်​ပါ အ​သုံး​ဝင်​သူ​ဖြစ်​လာ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဖိ​လေ​မုန်​ဩ​ဝါ​ဒ​စာ 1