ရက်ပေါင်းများစွာ တစ်ရွေ့ရွေ့ရွက်လွှင့်ကြပြီးနောက် ကနိဒ်မြို့နားသို့ ခက်ခဲစွာဖြင့်ရောက်ရှိကြ၏။ ငါတို့သည် လေကြောင့် ဆက်မသွားနိုင်တော့သဖြင့် သာလမုန်အငူနားမှဖြတ်၍ ကရေတေကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။