ဓမ္မသစ်ကျမ်း

တ​မန်​တော်​ဝတ္ထု 1:1-2-10 Myanmar Standard Bible (MSB)

1-2. အို သော်​ဖိ​လု၊ ယေ​ရှု​သည် အ​မှု​တော်​ဆောင်​ရွက်​ခြင်း​နှင့် သွန်​သင်​ခြင်း​တို့​ကို အ​စ​ပြု​တော်​မူ​သည့်​အ​ချိန်​မှ​စ​၍ ရွေး​ကောက်​တော်​မူ​သော​တ​မန်​တော်​များ​ကို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် မိန့်​မှာ​တော်​မူ​ပြီး​နောက် အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ခံ​တော်​မူ​သော​နေ့​တိုင်​အောင် ဖြစ်​ပျက်​သ​မျှ​တို့​ကို ပ​ထ​မ​စာ​စောင်​၌ ငါ​ရေး​သား​ဖော်​ပြ​ခဲ့​၏။

3. ကိုယ်​တော်​သည် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​တော်​မူ​ပြီး​နောက် မိ​မိ​အ​သက်​ရှင်​လျက်​ရှိ​ကြောင်း ထို​တ​မန်​တော်​တို့​အား အ​ထောက်​အ​ထား​များ​စွာ​တို့​ဖြင့်​ပြ​သ​ကာ ရက်​ပေါင်း​လေး​ဆယ်​အ​တွင်း သူ​တို့​ထံ​ထင်​ရှား​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​တော်​မူ​၏။

4. ထို့​နောက် အ​တူ​တ​ကွ​စု​ရုံး​နေ​ကြ​စဉ် ကိုယ်​တော်​က သူ​တို့​အား “ဂျေ​ရု​ဆ​လင်​မြို့​မှ ထွက်​ခွာ​မ​သွား​ဘဲ ငါ့​ထံ​မှ သင်​တို့​ကြား​ရ​သော ခ​မည်း​တော်​၏​က​တိ​တော်​ကို စောင့်​နေ​ကြ​လော့။

5. အ​ကြောင်း​မှာ ယော​ဟန်​သည် ရေ​၌​ဗတ္တိ​ဇံ​ပေး​၏။ သင်​တို့​မူ​ကား မ​ကြာ​မီ​အ​တွင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၌ ဗတ္တိ​ဇံ​ခံ​ကြ​ရ​လိမ့်​မည်”​ဟု မိန့်​မှာ​တော်​မူ​၏။

6. တစ်​ဖန် သူ​တို့​စု​ဝေး​လာ​ကြ​သော​အ​ခါ သူ​တို့​က​ကိုယ်​တော်​အား “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​သည် ယ​ခု​အ​ချိန်​တွင် အစ္စ​ရေး​လူ​မျိုး​အ​တွက် နိုင်​ငံ​ကို ပြန်​လည်​ထူ​ထောင်​ပေး​တော်​မူ​မည်​လော”​ဟု မေး​လျှောက်​ကြ​၏။

7. ကိုယ်​တော်​က​လည်း “ခ​မည်း​တော်​သည် မိ​မိ​အ​ခွင့်​အာ​ဏာ​ဖြင့် စီ​ရင်​တော်​မူ​သော​ကာ​လ​များ​နှင့်​အ​ချိန်​အ​ခါ​တို့​ကို သင်​တို့​သိ​ရန်​မ​လို​အပ်​ပေ။

8. သို့​သော် သင်​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သက်​ရောက်​လာ​သော​အ​ခါ သင်​တို့​သည် တန်​ခိုး​ကို​ရ​ရှိ​လျက် ဂျေ​ရု​ဆ​လင်​မြို့၊ ယု​ဒ​နယ်​နှင့်​ရှ​မာ​ရိ​နယ်​တစ်​ခု​လုံး​သာ​မ​က မြေ​ကြီး​စွန်း​တိုင်​အောင် ငါ​၏​သက်​သေ​များ​ဖြစ်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

9. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် သူ​တို့​ကြည့်​ရှု​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​သည် အ​ထက်​သို့​ချီ​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၍ မိုး​တိမ်​သည် ကိုယ်​တော်​ကို သူ​တို့​မြင်​ကွင်း​မှ​ဆောင်​ယူ​သွား​လေ​၏။

10. ထို​သို့ ကိုယ်​တော်​တက်​သွား​တော်​မူ​စဉ် သူ​တို့​သည် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​နေ​ကြ​ရာ ဖြူ​ဖွေး​သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သော လူ​နှစ်​ဦး​တို့​သည် သူ​တို့​အ​နီး​၌​ရပ်​၍

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တ​မန်​တော်​ဝတ္ထု 1