ဓမ္မသစ်ကျမ်း

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5:8-26 Myanmar Standard Bible (MSB)

8. ဤ​သွေး​ဆောင်​မှု​သည် သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ထံ​မှ​လာ​သည်​မ​ဟုတ်။

9. အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​ညက်​တစ်​ပုံ​လုံး​ကို ဖောင်း​ပွ​စေ​တတ်​၏။

10. သင်​တို့​တွင် ခြား​နား​သော​အ​ယူ​အ​ဆ​တစ်​စုံ​တစ်​ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သ​ခင်​ဘု​ရား​၌ သင်​တို့​ကို ငါ​ယုံ​ကြည်​စိတ်​ချ​၏။ သင်​တို့​ကို မ​ငြိမ်​မ​သက်​ဖြစ်​စေ​သော​သူ​သည် မည်​သူ​ပင်​ဖြစ်​ပါ​စေ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

11. ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​နေ​သေး​သည်​ဆို​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​နေ​ရ​သေး​သ​နည်း။ သို့​ဖြစ်​လျှင် လက်​ဝါး​ကပ်​တိုင်​နှင့်​ဆိုင်​သော မှား​ယွင်း​စ​ရာ​အ​ကြောင်း​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​ပြီ။

12. သင်​တို့​ကို မွှေ​နှောက်​ရှုပ်​ထွေး​စေ​သော​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပင် သင်း​ကွပ်​လိုက်​လျှင် ကောင်း​လိမ့်​မည်။

13. ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွတ်​လပ်​မှု​အ​တွက် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​ကြ​၏။ သို့​သော် ထို​လွတ်​လပ်​မှု​ကို သွေး​သား​ဇာ​တိ​အ​တွက် အ​ခွင့်​အ​ရေး​တစ်​ခု​အ​နေ​ဖြင့် မ​သုံး​ဘဲ မေတ္တာ​အား​ဖြင့် အ​ချင်း​ချင်း​အ​စေ​ခံ​ကြ​လော့။

14. အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​အား​လုံး​သည် “ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟူ​သော​စ​ကား​တစ်​ခွန်း​တည်း​၌​ပြည့်​စုံ​၏။

15. သို့​သော် သင်​တို့​သည် အ​ချင်း​ချင်း​ကိုက်​ဖြတ်​ဝါး​မျို​ကြ​လျှင် အ​ချင်း​ချင်း​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ကို စိုး​ရိမ်​ရ​သ​ဖြင့် သ​တိ​ပြု​ကြ​လော့။

16. ငါ​ဆို​သည်​ကား ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။ သို့​ပြု​လျှင် သွေး​သား​ဇာ​တိ​၏​တပ်​မက်​ခြင်း​ကို လုံး​ဝ​မ​ဖြည့်​ဆည်း​ဘဲ နေ​ကြ​လိမ့်​မည်။

17. အ​ဘယ်​ကြောင့်​ဆို​သော် သွေး​သား​ဇာ​တိ​သည် ဝိ​ညာဉ်​တော်​နှင့်​ဆန့်​ကျင်​သော​အ​ရာ​ကို တောင့်​တ​၍ ဝိ​ညာဉ်​တော်​သည် သွေး​သား​ဇာ​တိ​နှင့်​ဆန့်​ကျင်​သော​အ​ရာ​ကို တောင့်​တ​၏။ ဤ​သို့​ဖြင့် ၎င်း​တို့​သည် တစ်​ပါး​နှင့်​တစ်​ပါး​ဆန့်​ကျင်​ကြ​သည်​ဖြစ်​၍ သင်​တို့​သည် ပြု​လို​သော​အ​ရာ​များ​ကို မ​ပြု​နိုင်​ကြ​ပေ။

18. သို့​ရာ​တွင် ဝိ​ညာဉ်​တော်​၏​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို​ခံ​ရ​လျှင် သင်​တို့​သည် ပ​ညတ်​တ​ရား​အောက်​၌ ရှိ​ကြ​သည်​မ​ဟုတ်။

19. သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော လုပ်​ဆောင်​မှု​တို့​မူ​ကား သိ​သာ​ထင်​ရှား​၏။ ၎င်း​တို့​မှာ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း၊ ညစ်​ညူး​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊

20. ရုပ်​တု​ကိုး​ကွယ်​ခြင်း၊ ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ ဒေါ​သ​ကြီး​ခြင်း၊ တစ်​ကိုယ်​ကောင်း​ဆန်​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ကွဲ​ခြင်း၊

21. မ​လို​မုန်း​ထား​ခြင်း၊ သောက်​စား​မူး​ယစ်​ခြင်း၊ အ​ပျော်​ကြူး​ခြင်း​တို့​မှ​စ​၍ ထို​ကဲ့​သို့​သော​လုပ်​ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထို​သို့​သော​အ​ရာ​များ​ကို ပြု​ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​ကြ​ရ​မည်​မ​ဟုတ်​ဟု ယ​ခင်​က ငါ​ပြော​ခဲ့​သည့်​အ​တိုင်း ယ​ခု​လည်း သင်​တို့​အား ကြို​တင်​ပြော​ထား​မည်။

22. ဝိ​ညာဉ်​တော်​၏​အ​သီး​အ​ပွင့်​မူ​ကား ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊

23. နူး​ညံ့​သိမ်​မွေ့​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ဤ​အ​ရာ​များ​ကို ဆန့်​ကျင်​သော​တ​ရား​မ​ရှိ။

24. ခ​ရစ်​တော်​ယေ​ရှု​နှင့်​ဆိုင်​သော​သူ​တို့​သည် သွေး​သား​ဇာ​တိ​ကို ၎င်း​၏​စိတ်​ပြင်း​ပြ​မှု​များ၊ တပ်​မက်​မှု​များ​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ကြ​ပြီ။

25. ငါ​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​ကြ​လျှင် ဝိ​ညာဉ်​တော်​နှင့်​ထက်​ကြပ်​မ​ကွာ​လိုက်​လျှောက်​ကြ​ကုန်​စို့။

26. စိတ်​ကြီး​ဝင်​၍ အ​ချင်း​ချင်း​ရန်​လို​သော​စိတ်၊ အ​ချင်း​ချင်း​မ​လို​မုန်း​ထား​သော​စိတ်​မ​ရှိ​ဘဲ​နေ​ကြ​ကုန်​စို့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5