ဓမ္မသစ်ကျမ်း

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5:4-17 Myanmar Standard Bible (MSB)

4. ပ​ညတ်​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​လို​သော​သင်​တို့​သည် ခ​ရစ်​တော်​ထံ​မှ ဖယ်​ရှား​ခြင်း​ခံ​ရ​၍ ကျေး​ဇူး​တော်​ထံ​မှ ရွေ့​လျော​သွား​ကြ​ပြီ။

5. အ​ကြောင်း​မူ​ကား ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​မည်​ဟူ​သည့်​မျှော်​လင့်​ခြင်း​ကို ဝိ​ညာဉ်​တော်​၌​အ​မှီ​ပြု​လျက် စောင့်​မျှော်​နေ​ကြ​၏။

6. ခ​ရစ်​တော်​ယေ​ရှု​၌​မူ​ကား အ​ရေ​ဖျား​လှီး​ခြင်း​ဖြစ်​စေ၊ အ​ရေ​ဖျား​မ​လှီး​ခြင်း​ဖြစ်​စေ မည်​သည့်​အ​ရာ​ကို​မျှ မ​စွမ်း​ဆောင်​နိုင်။ မေတ္တာ​အား​ဖြင့်​လုပ်​ဆောင်​သော ယုံ​ကြည်​ခြင်း​က​သာ စွမ်း​ဆောင်​နိုင်​၏။

7. သင်​တို့​သည် ကောင်း​စွာ​ပြေး​ခဲ့​ကြ​၏။ သမ္မာ​တ​ရား​ကို​မ​လိုက်​နာ​စေ​ရန် မည်​သူ​က သင်​တို့​ကို အ​နှောင့်​အ​ယှက်​ပေး​သ​နည်း။

8. ဤ​သွေး​ဆောင်​မှု​သည် သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ထံ​မှ​လာ​သည်​မ​ဟုတ်။

9. အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​ညက်​တစ်​ပုံ​လုံး​ကို ဖောင်း​ပွ​စေ​တတ်​၏။

10. သင်​တို့​တွင် ခြား​နား​သော​အ​ယူ​အ​ဆ​တစ်​စုံ​တစ်​ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သ​ခင်​ဘု​ရား​၌ သင်​တို့​ကို ငါ​ယုံ​ကြည်​စိတ်​ချ​၏။ သင်​တို့​ကို မ​ငြိမ်​မ​သက်​ဖြစ်​စေ​သော​သူ​သည် မည်​သူ​ပင်​ဖြစ်​ပါ​စေ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

11. ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​နေ​သေး​သည်​ဆို​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​နေ​ရ​သေး​သ​နည်း။ သို့​ဖြစ်​လျှင် လက်​ဝါး​ကပ်​တိုင်​နှင့်​ဆိုင်​သော မှား​ယွင်း​စ​ရာ​အ​ကြောင်း​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​ပြီ။

12. သင်​တို့​ကို မွှေ​နှောက်​ရှုပ်​ထွေး​စေ​သော​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပင် သင်း​ကွပ်​လိုက်​လျှင် ကောင်း​လိမ့်​မည်။

13. ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွတ်​လပ်​မှု​အ​တွက် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​ကြ​၏။ သို့​သော် ထို​လွတ်​လပ်​မှု​ကို သွေး​သား​ဇာ​တိ​အ​တွက် အ​ခွင့်​အ​ရေး​တစ်​ခု​အ​နေ​ဖြင့် မ​သုံး​ဘဲ မေတ္တာ​အား​ဖြင့် အ​ချင်း​ချင်း​အ​စေ​ခံ​ကြ​လော့။

14. အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​အား​လုံး​သည် “ကိုယ့်​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်”​ဟူ​သော​စ​ကား​တစ်​ခွန်း​တည်း​၌​ပြည့်​စုံ​၏။

15. သို့​သော် သင်​တို့​သည် အ​ချင်း​ချင်း​ကိုက်​ဖြတ်​ဝါး​မျို​ကြ​လျှင် အ​ချင်း​ချင်း​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ကို စိုး​ရိမ်​ရ​သ​ဖြင့် သ​တိ​ပြု​ကြ​လော့။

16. ငါ​ဆို​သည်​ကား ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။ သို့​ပြု​လျှင် သွေး​သား​ဇာ​တိ​၏​တပ်​မက်​ခြင်း​ကို လုံး​ဝ​မ​ဖြည့်​ဆည်း​ဘဲ နေ​ကြ​လိမ့်​မည်။

17. အ​ဘယ်​ကြောင့်​ဆို​သော် သွေး​သား​ဇာ​တိ​သည် ဝိ​ညာဉ်​တော်​နှင့်​ဆန့်​ကျင်​သော​အ​ရာ​ကို တောင့်​တ​၍ ဝိ​ညာဉ်​တော်​သည် သွေး​သား​ဇာ​တိ​နှင့်​ဆန့်​ကျင်​သော​အ​ရာ​ကို တောင့်​တ​၏။ ဤ​သို့​ဖြင့် ၎င်း​တို့​သည် တစ်​ပါး​နှင့်​တစ်​ပါး​ဆန့်​ကျင်​ကြ​သည်​ဖြစ်​၍ သင်​တို့​သည် ပြု​လို​သော​အ​ရာ​များ​ကို မ​ပြု​နိုင်​ကြ​ပေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5