ဓမ္မသစ်ကျမ်း

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5:1-11 Myanmar Standard Bible (MSB)

1. လွတ်​လပ်​မှု​ကို​ရ​ရှိ​စေ​ရန် ခ​ရစ်​တော်​သည် ငါ​တို့​ကို လွတ်​မြောက်​စေ​တော်​မူ​ပြီ။ ထို့​ကြောင့် ခိုင်​မြဲ​စွာ​ရပ်​တည်​လျက် ကျွန်​ထမ်း​ပိုး​တွင် နောက်​တစ်​ဖန် ချည်​နှောင်​ခြင်း​မ​ခံ​ကြ​နှင့်။

2. နား​ထောင်​ကြ​လော့။ ငါ​ပေါ​လု​က သင်​တို့​အား​ဆို​သည်​ကား သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​လျှင် ခ​ရစ်​တော်​သည် သင်​တို့​အ​တွက် မည်​သည့်​အ​ကျိုး​မျှ​ရှိ​မည်​မ​ဟုတ်။

3. အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တိုင်း​အား တစ်​ဖန် ငါ​သ​တိ​ပေး​သည်​ကား ထို​သူ​သည် ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို ကျင့်​သုံး​ရ​မည့်​တာ​ဝန်​ရှိ​၏။

4. ပ​ညတ်​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​လို​သော​သင်​တို့​သည် ခ​ရစ်​တော်​ထံ​မှ ဖယ်​ရှား​ခြင်း​ခံ​ရ​၍ ကျေး​ဇူး​တော်​ထံ​မှ ရွေ့​လျော​သွား​ကြ​ပြီ။

5. အ​ကြောင်း​မူ​ကား ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​မည်​ဟူ​သည့်​မျှော်​လင့်​ခြင်း​ကို ဝိ​ညာဉ်​တော်​၌​အ​မှီ​ပြု​လျက် စောင့်​မျှော်​နေ​ကြ​၏။

6. ခ​ရစ်​တော်​ယေ​ရှု​၌​မူ​ကား အ​ရေ​ဖျား​လှီး​ခြင်း​ဖြစ်​စေ၊ အ​ရေ​ဖျား​မ​လှီး​ခြင်း​ဖြစ်​စေ မည်​သည့်​အ​ရာ​ကို​မျှ မ​စွမ်း​ဆောင်​နိုင်။ မေတ္တာ​အား​ဖြင့်​လုပ်​ဆောင်​သော ယုံ​ကြည်​ခြင်း​က​သာ စွမ်း​ဆောင်​နိုင်​၏။

7. သင်​တို့​သည် ကောင်း​စွာ​ပြေး​ခဲ့​ကြ​၏။ သမ္မာ​တ​ရား​ကို​မ​လိုက်​နာ​စေ​ရန် မည်​သူ​က သင်​တို့​ကို အ​နှောင့်​အ​ယှက်​ပေး​သ​နည်း။

8. ဤ​သွေး​ဆောင်​မှု​သည် သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ထံ​မှ​လာ​သည်​မ​ဟုတ်။

9. အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​ညက်​တစ်​ပုံ​လုံး​ကို ဖောင်း​ပွ​စေ​တတ်​၏။

10. သင်​တို့​တွင် ခြား​နား​သော​အ​ယူ​အ​ဆ​တစ်​စုံ​တစ်​ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သ​ခင်​ဘု​ရား​၌ သင်​တို့​ကို ငါ​ယုံ​ကြည်​စိတ်​ချ​၏။ သင်​တို့​ကို မ​ငြိမ်​မ​သက်​ဖြစ်​စေ​သော​သူ​သည် မည်​သူ​ပင်​ဖြစ်​ပါ​စေ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

11. ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​နေ​သေး​သည်​ဆို​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​နေ​ရ​သေး​သ​နည်း။ သို့​ဖြစ်​လျှင် လက်​ဝါး​ကပ်​တိုင်​နှင့်​ဆိုင်​သော မှား​ယွင်း​စ​ရာ​အ​ကြောင်း​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5