ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 9:3-7 Judson Bible (BJB)

3. ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်းမလင့်ဘဲ ပြေးလော့ဟု မှာထားလေ၏။

4. ထိုပရောဖက်အမျိုးသားလုလင်သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား၏။

5. ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏။

6. ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။

7. ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 9