ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 9:28-37 Judson Bible (BJB)

28. သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့တွင် မိမိသင်္ချၖိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။

29. ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။

30. ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှုလျက် နေ၏။

31. ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာရသလောဟု မေးလျှင်၊

32. ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း။ အဘယ်သူဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။

33. ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊

34. စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ်လော့ဟု ဆိုသည်အတိုင်း၊

35. သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့်၊ တဖန်လာ၍ ကြားလျှောက်ကြ၏။

36. ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ။

37. သို့ဖြစ်၍ ဤသင်္ချၖိုင်းသည် ယေဇဗေလသင်္ချၖိုင်း ဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏အလောင်းကောင်သည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 9