ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 8:9-25 Judson Bible (BJB)

9. ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ်မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကို ဆောင် သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှါသွား၍ ရှေ့တော်၌ ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို၏။

10. ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော်သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော်လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊

11. စေ့စေ့ကြည့်ရှု၍ ဟာဇေလသည် မျက်နှာပျက် လေ၏။ ဘုရားသခင်၏ လူသည်လည်း မျက်ရည်ကျ၏။

12. ဟာဇေလကလည်း၊ သခင်သည် အဘယ်ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က၊ သင်သည် ဣသရေလအမျိုးသားတို့၌ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့၏ ရဲတိုက်များကို မီးရှို့ ခြင်း၊ လုလင်များကို ထားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမများ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊

13. ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက်နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည်လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆို၏။

14. ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ ရောက်သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း ဟု မေးလျှင်၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည်ဆိုပါသည်ဟု လျှောက်လေ၏။

15. နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ်ကို ရေ၌ နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။

16. ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံသည် နန်းထိုင်လေ၏။

17. အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင်မြို့၌ မင်းပြု၍ ရှစ်နှစ်စိုးစံ၏။

18. အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

19. သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ၏။

20. ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။

21. ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့ နှင့်တကွ၊ ဇာဣရမြို့သို့ စစ်ချီ၍ ညဉ့်အခါဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။

22. သို့သော်လည်း၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။

23. ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

24. ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။

25. ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 8