ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 8:23-28 Judson Bible (BJB)

23. ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

24. ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။

25. ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။

26. အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊မင်းပြု၍ ယေရုရှလင်မြို့၌ တနှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလ ရှင်ဘုရင်ဩမရိမြေးအာသလိ အမည်ရှိ၏။

27. အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့လိုက်၍၊ အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

28. အာဟပ်၏သားယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 8