ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 8:1-4 Judson Bible (BJB)

1. တဖန်ဧလိရှဲသည် အထက်က အသက်ရှင်စေသော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူအိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍နေနိုင်သော အရပ်တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။

2. ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နားထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။

3. ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှ ပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံမည့် အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။

4. ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ၏ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဘွယ်သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 8