ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 7:14-20 Judson Bible (BJB)

14. ရထားမြင်းနှစ်စီးကို ယူပြီးလျှင် သွား၍ကြည့်ရှုလော့ဟု ရှင်ဘုရင်သည် ရှုရိဗိုလ်ခြေနောက်သို့ စေလွှတ်သည်အတိုင်း၊

15. ယော်ဒန်မြစ်တိုင်အောင် လိုက်ကြ၏။ ရှုရိလူတို့ သည် အလျင်အမြန်၊ ပြေးရာတွင်၊ ပစ်ခဲ့သော အဝတ် တန်ဆာတို့သည် လမ်း၌ပြည့်လျက် ရှိကြ၏။ စေလွှတ် သူတို့သည် ပြန်လာ၍ နားတော်လျှောက်ကြ၏။

16. ထိုအခါမြို့သားတို့သည် ထွက်၍ ရှုရိတဲတို့ကို လုယူကြ၏။ ထာဝရဘုရား၏ စကားတော်အတိုင်း၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင့် ရောင်းကြ၏။

17. ရှင်ဘုရင်မှီခြင်းကိုခံရသော အမတ်သည်၊ အမိန့်တော်တိုင်း တံခါးတော်ကို စောင့်သည်တွင်၊ ထွက်ဝင်သောသူတို့နင်းမိ၍ ဘုရားသခင်၏လူသည် ရှင်ဘုရင် ရောက်လာသောအခါ ပြောဆိုနှင့်သည် အတိုင်း၊ ထိုအမတ်သေလေ၏။

18. ဘုရားသခင်၏ လူက၊ နက်ဖြန်နေ့ယခုအချိန် ရောက်လျှင်၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု ရှင်ဘုရင်အား ဆင့်ဆိုသည်အတိုင်း ဖြစ်၏။

19. အမတ်ကလည်း၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏လူအား ဆို၍၊ ဘုရားသခင်၏လူက သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟုပြန်ပြောသည် အတိုင်း၊

20. ထိုအမတ်၌ ဖြစ်၏။ မြို့တံခါးဝမှာမြို့သားတို့နင်းခြင်းကို ခံရ၍သေလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 7