ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 7:10-16 Judson Bible (BJB)

10. မြို့သို့သွား၍ တံခါးပြင်၌ ဟစ်ခေါ်လျက်၊ ငါတို့ သည် ရှုရိတပ်သို့ ရောက်၍ အဘယ်သူကိုမျှ မတွေ့။ လူသံကိုမကြား။ မြင်း၊ မြည်းတို့ကို ချည်နှောင်လျက်၊ တဲများလည်း တတ်တိုင်းရှိသည်ကိုတွေ့ပါ၏ဟု ကြားပြော သည်အတိုင်း၊

11. တံခါးစောင့်တို့သည် တယောက်ကိုတယောက် ဟစ်၍၊ ထိုသိတင်းသည် နန်းတော်ထဲသို့ ရောက်လေ၏။

12. မိုဃ်းမလင်းမှီ ရှင်ဘုရင်သည်ထ၍၊ ရှုရိလူတို့ သည် ငါတို့၌ အဘယ်သို့ ပြုလိုသည်ကို ငါပြောမည်။ သူတို့က မြို့ပြင်သို့ထွက်သော မြို့သားတို့ကို အရှင် ဘမ်းပြီးမှ၊ မြို့ထဲသို့ ဝင်မည်အကြံရှိ၍၊ ငါတို့ငတ်မွတ်ကြောင်းကို သိသောကြောင့်၊ မိမိတို့တပ်ပြင်သို့ထွက်၍ တော၌ ပုန်းရှောင်လျက် နေကြသည်ဟုဆိုလျှင်၊

13. ကျွန်တယောက်က၊ မြို့၌ ကျန်ကြွင်းသော မြင်းငါးစီးကို ပေးတော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ ရောက်သော ဣသရေလအမျိုးအလုံးအရင်းကဲ့သို့ ဖြစ်ပါ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသော အခွင့်ကို ပေးတော်မူပါဟုလျှောက်ပြီးမှ၊

14. ရထားမြင်းနှစ်စီးကို ယူပြီးလျှင် သွား၍ကြည့်ရှုလော့ဟု ရှင်ဘုရင်သည် ရှုရိဗိုလ်ခြေနောက်သို့ စေလွှတ်သည်အတိုင်း၊

15. ယော်ဒန်မြစ်တိုင်အောင် လိုက်ကြ၏။ ရှုရိလူတို့ သည် အလျင်အမြန်၊ ပြေးရာတွင်၊ ပစ်ခဲ့သော အဝတ် တန်ဆာတို့သည် လမ်း၌ပြည့်လျက် ရှိကြ၏။ စေလွှတ် သူတို့သည် ပြန်လာ၍ နားတော်လျှောက်ကြ၏။

16. ထိုအခါမြို့သားတို့သည် ထွက်၍ ရှုရိတဲတို့ကို လုယူကြ၏။ ထာဝရဘုရား၏ စကားတော်အတိုင်း၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင့် ရောင်းကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 7