ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 4:40-42 Judson Bible (BJB)

40. ထိုဘူးမျိုးကို မသိဘဲဟင်းအိုးထဲသို့ ခတ်လေ၏။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း၍စားကြစဉ်တွင်၊ အိုဘုရားသခင်၏လူ၊ အိုးထဲ၌သေဘေးရှိပါသည်ဟု အော်ဟစ်၍ မစားနိုင်ဘဲ နေကြ၏။

41. ဧလိရှဲကလည်း၊ မုန့်ညက်ကို ယူခဲ့ဟုဆို၍ အိုးထဲမှာ ခတ်ပြီးလျှင်၊ လူများစားစရာဘို့လောင်းဦးလော့ဟု ဆိုပြန်သော်၊ အိုး၌ဘေးမရှိ။

42. တဖန်ဗာလရှလိရှမြို့မှ လူတယောက်သည် လာ၍၊ အဦးသီးသော မုယောဆန်ဖြင့် လုပ်သော မုန့်လုံး နှစ်ဆယ်နှင့် အိတ်၌ထည့်သော အသီးအနှံများကို ဘုရားသခင်၏ လူထံသို့ ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများကို ကျွေးလော့ဟုဆိုလျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 4