ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 4:24-29 Judson Bible (BJB)

24. မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့်အသွား မနှေးစေနှင့်ဟု ကျွန်အား မှာထားသဖြင့်၊

25. ခရီးသွား၍ ဘုရားသခင်၏ လူရှိရာ၊ ကရမေလတောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင်၏ လူသည် အဝေးကမြင်သောအခါ၊ မိမိကျွန် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမလာ၏။

26. သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ မိန်းမ ကမာပါ၏ ဟုဆို၏။

27. ဘုရားသခင်၏လူရှိရာတောင်ပေါ်သို့ ရောက် သောအခါ၊ သူ၏ ခြေတို့ကို ဘက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှါ ချဉ်းလာလျှင်၊ ဘုရားသခင်၏ လူကသူ့ကို မဆီးတားနှင့်။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ၏။ ထိုအကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထား တော်မူပြီဟုဆို၏။

28. မိန်းမကလည်း၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော။ ကျွန်မကိုမုသာမသုံးပါ နှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို၏။

29. ဧလိရှဲသည် ဂေဟာဇိကို ခေါ်၍သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝေးကို ကိုင်၍ သွားလော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့တောင်ဝေးကို သူငယ် ၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 4