ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 4:2-9 Judson Bible (BJB)

2. ဧလိရှဲကလည်း၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော်၊

3. ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့။ များစွာသော အိုးတို့ကို ငှားယူလော့။

4. ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကို ခေါ်၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း၍ ထားလော့ ဟုစီရင်သည်အတိုင်း၊

5. ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကိုယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ၏။

6. အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက်နေ၏။

7. ထိုမိန်းမသည်လာ၍ ဘုရားသခင်၏ လူကို ကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။

8. တနေ့သ၌ ဧလိရှဲသည်ရှုနင်မြို့သို့ သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ၏။ နောက်မှထိုလမ်းသို့ သွားသောအခါ၊ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ်၏။

9. မိန်းမကလည်း၊ ငါတို့နေရာလမ်းဖြင့် အစဉ် သွားလာသော ဤသူသည် ဘုရားသခင်၏သန့်ရှင်းသူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 4