ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 4:10-21 Judson Bible (BJB)

10. ဝင်ရိုးအပေါ်မှာ အခန်းငယ်တခုကို လုပ်ကြကုန်အံ့။ သူ့အဘို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကို ထားကြကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ ဆီသို့ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို၏။

11. တနေ့သ၌ ဧလိရှဲသည် ရောက်သဖြင့်၊ ထိုအခန်းထဲသို့ဝင်၍ အိပ်နေ၏။

12. ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန် ဂေဟာဇိအားဆိုသည်အတိုင်းခေါ်၍၊ မိန်းမသည် ဧလိရှဲ ရှေ့မှာ ရပ်နေ၏။

13. ဧလိရှဲက၊ သင်သည်ငါတို့အဘို့ ဤမျှလောက် လုပ်ကြွေးပြုစုသည်အတွက်၊ သင့်အဘို့အဘယ်သို့ ပြုရ မည်နည်း။ သင့်အဘို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင်သော်၊ မိန်းမက၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏။

14. ဧလိရှဲကလည်း၊ ဤမိန်းမအဘို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင်၊ ဂေဟာဇိက၊ ဤမိန်းမ၌ သားသမီးမရှိပါ။ သူ့ခင်ပွန်းလည်း အိုလှပြီဟု ဆိုသော်၊

15. တဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ်၍၊ မိန်းမသည် တံခါးဝမှာရပ်နေ၏။

16. ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန်အရွယ်စေ့သောအခါ သားကို ဘက်ယမ်းရလိမ့်မည်ဟု ဆိုလျှင်၊ မိန်းမက အိုအရှင်၊ဘုရားသခင်၏လူ၊ ကိုယ်တော် ကျွန်မကို မုသာမသုံးပါနှင့်ဟု ပြန်ပြော၏။

17. ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲ ချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဘွားမြင်လေ၏။

18. ထိုသားသည် နို့ကွာပြီးမှ၊ တနေ့သ၌ စပါးရိတ် သောသူတို့ရှိရာ မိမိအဘထံသို့သွား၍၊

19. ငါသည်ခေါင်းနာ၏။ ခေါင်းနာ၏ဟု အဘအားပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော၏။

20. လုလင်သည်အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ ထိုင်၍မွန်းတည့်အချိန်ရှိပြီးမှ သေ၏။

21. အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့် လူ၏ခုတင်ပေါ်မှာ ထားပြီးလျှင်၊ တံခါးကို ပိတ်ခဲ့၍ သွားလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 4