ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 22:9-16 Judson Bible (BJB)

9. တဖန်စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သောငွေကိုမှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍၎င်း၊

10. ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကိုအပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။

11. ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊

12. ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသားအာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အသဟိကိုခေါ်၍၊

13. ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်းစာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။

14. ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒသည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။

15. မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊

16. ယုဒရှင်ဘုရင် ဘတ်သောကျမ်းစကားလာသမျှ အတိုင်း ငါသည် ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 22