3. ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံသားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့။
4. ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါးစောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက် သဖြင့်၊
5. ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သောသူ၊
6. လက်သမားနှင့် ပန်းရန်သမားလုပ်သည် အတွက်၊ ဗိမာန်တော်ပြုပြင်စရာ ကျောက်နှင့် သစ်သားကိုဝယ်သည်အတွက် ဝေပေးရမည်အကြောင်း မှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။
7. သို့ရာတွင် ထိုငွေကို လက်ခံသောသူတို့သည် သစ္စာစောင့်သော သူဖြစ်သောကြောင့် စာရင်းမပေးရကြ။
8. ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း၊ ပညတ္တိ ကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေးတော်ရှာဖန်အားဆိုလျက်၊ ကျမ်းစာကို အပ်၍ စာရေး တော်ဘတ်၏။
9. တဖန်စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သောငွေကိုမှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍၎င်း၊
10. ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကိုအပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
11. ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊
12. ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသားအာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အသဟိကိုခေါ်၍၊
13. ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်းစာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
14. ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒသည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။