ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 14:17-24 Judson Bible (BJB)

17. ဣသရေလရှင်ဘုရင်ယောခတ်သား ယဟောရှသေသည်နောက်၊ ယုဒရှင်ဘုရင်ယောရှသားအာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။

18. အာမဇိ ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။

19. ထိုမင်းတဘက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့ စေလွှတ်၍ သတ်စေပြီးမှ၊

20. မြင်းပေါ်၌တင်လျက် ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။

21. ယုဒပြည်သူပြည်သားအပေါင်းတို့သည် အသက်တဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော်အာမဇိအရာ၌ နန်းတင်ကြ၏။

22. ထိုမင်းသည် ခမည်းတော်သေသည်နောက်၊ ဧလတ်မြို့ကိုပြုစု၍ ယုဒနိုင်ငံထဲသို့ သွင်းပြန်၏။

23. ယုဒရှင်ဘုရင်ယောရှသား အာမဇိနန်းစံဆယ်ငါးနှစ်တွင်၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့၌မင်းပြု၍ လေးဆယ် တနှစ်စိုးစံ၏။

24. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်ကို မစွန့်ဘဲနေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 14