ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 14:14-25 Judson Bible (BJB)

14. ဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက်၌၎င်း၊ ရှိသမျှသော ရွှေငွေမှစ၍ တန်ဆာအလုံးစုံနှင့် အာမခံ သောသူအချို့တို့ကို ယူပြီးမှ ရှမာရိမြို့သို့ပြန်သွား၏။

15. ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ တန်ခိုးကြီးခြင်း၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

16. ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်းတော်အရာ၌နန်းထိုင်၏။

17. ဣသရေလရှင်ဘုရင်ယောခတ်သား ယဟောရှသေသည်နောက်၊ ယုဒရှင်ဘုရင်ယောရှသားအာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။

18. အာမဇိ ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။

19. ထိုမင်းတဘက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့ စေလွှတ်၍ သတ်စေပြီးမှ၊

20. မြင်းပေါ်၌တင်လျက် ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။

21. ယုဒပြည်သူပြည်သားအပေါင်းတို့သည် အသက်တဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော်အာမဇိအရာ၌ နန်းတင်ကြ၏။

22. ထိုမင်းသည် ခမည်းတော်သေသည်နောက်၊ ဧလတ်မြို့ကိုပြုစု၍ ယုဒနိုင်ငံထဲသို့ သွင်းပြန်၏။

23. ယုဒရှင်ဘုရင်ယောရှသား အာမဇိနန်းစံဆယ်ငါးနှစ်တွင်၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့၌မင်းပြု၍ လေးဆယ် တနှစ်စိုးစံ၏။

24. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်ကို မစွန့်ဘဲနေ၏။

25. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် မိမိကျွန် ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သား ပရောဖက်ယောနအားဖြင့် မိန့်တော်မူ သောစကားတော် အတိုင်း၊ ထိုမင်းသည် ဣသရေလနိုင်ငံကို ဟာမက်မြို့ ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှ နှုတ်၍ပြုစုလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 14