ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 13:17-22 Judson Bible (BJB)

17. အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့်လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ်၏။ အာဖက်မြို့၌ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့်မည်ဟု ဆို၏။

18. မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။

19. ထိုအခါဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့်မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။

20. ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ်တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။

21. ဣသရေလလူတို့သည် လူတယောက်ကို သင်္ဂြိုဟ်စဉ်တွင်၊ မော်ဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချၖိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။

22. ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 13