ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 11:1-11 Judson Bible (BJB)

1. အာခဇိ၏မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော်၊ ထ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။

2. သို့ရာတွင် အာခဇိ၏နှမယဟောရံမင်းကြီး သမီးယောရှေဘသည် အာခဇိ၏သား ယောရှကို အသေခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ၍ အာသလိလက်မှ သူ၏အသက် လွတ်စေခြင်းငှါ၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။

3. ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက်နေ၍၊ အာသလိသည် စိုးစံလေ၏။

4. ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့ သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကို ပြုပြီးမှ၊ ရှင်ဘုရင်၏ သားတော်ကိုပြလေ၏။

5. ယောယဒကလည်း၊ သင်တို့ပြုရသော အမှုဟူ မူကား၊ ဥပုသ်နေ့၌ဝင်သောလူသုံးစုတစုသည် နန်းတော် တံခါးကိုစောင့်ရမည်။

6. တစုသည် သုရတံခါးကို စောင့်ရမည်။ တစု သည် ကင်းနောက် တံခါးကိုစောင့်ရမည်။ ထိုသို့ ဗိမာန် တော်ကို မဖြိုမဖျက်စေခြင်းငှါ စောင့်ရမည်။

7. ဥပုသ်နေ့၌ ထွက်သောလူသုံးစုတွင် နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော်၌စောင့်ရမည်။

8. လူတိုင်းမိမိလက်နက်ကို ကိုင်လျက် ကိုယ်တော် မြတ်ကို ဝိုင်း၍၊ တပ်ထဲသို့ဝင်သမျှသောသူတို့ကို သတ်ရ မည်။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ၏။

9. ထိုသို့ ယဇ်ပုရောဟိတ်ယောယဒမှာထားသမျှ အတိုင်း လူတရာအုပ်တို့သည်ပြု၍၊ ဥပုသ်နေ့၌ထွက်ရသော သူနှင့်ဝင်ရသောသူအသီးအသီးတို့ကို ခေါ်၍ ယဇ်ပုရော ဟိတ် ယောယဒထံသို့ ရောက်သောအခါ၊

10. ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများ နှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည်ထုတ်၍ လူတရာ အုပ်တို့အား အပ်လေ၏။

11. စောင့်သောသူအပေါင်းတို့သည် လက်နက်ကို ကိုင်လျက်၊ ရှင်ဘုရင်ကို ဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ျာထောင့်မှစ၍ လက်ဝဲထောင့် တိုင်အောင် ရပ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 11