ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၄ ရာ 10:19-23 Judson Bible (BJB)

19. သို့ဖြစ်၍ ဗာလဘုရား၏ ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တယောက်မျှမကြွင်းစေနှင့်။ ငါသည် ဗာလဘုရားအား ယဇ်ကြီးကို ပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟုဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု၍ဆို၏။

20. ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြဟု တဖန်စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏။

21. ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့် ရှိသမျှတို့သည် တယောက်မျှ မကြွင်းလာကြ၏။ ဗာလကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ၏။

22. ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ၏။

23. တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလကျောင်းထဲသို့ ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလတပည့်တို့အား ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၄ ရာ 10