ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 6:1-4 Judson Bible (BJB)

1. ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့်၊ ရှောလမုန် မင်းနန်းစံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင်၊ ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။

2. ထိုအိမ်တော်အလျားသည် အတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်သုံးဆယ် ရှိ၏။

3. အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့် ညီ၍ အလျား အတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိ၏။

4. အိမ်တော်လင်းစရာဘို့ ကျဉ်းသော ပြတင်းပေါက်တို့ကို လုပ်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 6