ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 5:12-14 Judson Bible (BJB)

12. ထာဝရဘုရားသည်လည်း၊ ဂတိတော်ရှိသည်အတိုင်း၊ ရှောလမုန်အား ပညာကိုပေးတော်မူ၏။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်း မရှိ။ မိဿဟာယဖွဲ့ကြ၏။

13. ရှောလမုန်မင်းကြီးသည်လည်း၊ ဣသရေလလူအပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့်၍၊

14. အလှည့်အလှည့်တလလျှင်တသောင်းစီ၊ လေဗနုန်တောင်သို့ စေလွှတ်သဖြင့်၊ ထိုလူတို့သည် လေဗနုန်တောင်ပေါ်မှာတလ၊ ကိုယ်နေရာအရပ်၌ နှစ်လနေရကြ၏။ ထိုလူတို့ကို အဒေါနိရံအုပ်ရ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 5