ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 4:18-24 Judson Bible (BJB)

18. ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊

19. အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်းမရှိ။ တပါးတည်းစီရင်သောဥရိ၏သားဂေဗတည်း။

20. ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။

21. ရှောလမုန်သည်လည်း မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရသဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။

22. တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယောမုန့်ညက်ကောရခြောက်ဆယ်၊

23. ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စားရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင်ကျွေးသောငှက်မျိုး တည်း။

24. ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 4