11. ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊
12. တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ်သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊
13. ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သောမြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါတံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင်သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
14. မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊
15. နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊
16. အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သားဗာနာ၊
17. ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊
18. ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊
19. အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်းမရှိ။ တပါးတည်းစီရင်သောဥရိ၏သားဂေဗတည်း။
20. ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
21. ရှောလမုန်သည်လည်း မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရသဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
22. တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယောမုန့်ညက်ကောရခြောက်ဆယ်၊
23. ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စားရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင်ကျွေးသောငှက်မျိုး တည်း။