ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 4:1-11 Judson Bible (BJB)

1. ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။

2. မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ၊

3. ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သားယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။

4. ယောယဒသားဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။

5. နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင်မတ်ဖြစ်၏။

6. အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။

7. ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့် နန်းတော်သားတို့အဘို့ စားစရာကို ပြင်ဆင်ရကြ၏။

8. သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာဟုရ၏သား၊

9. မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာဒေကာ၏သား၊

10. စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ်မြို့မှာ ဟေသက်၏သား၊

11. ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 4