ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 3:14-23 Judson Bible (BJB)

14. သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက်လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။

15. ရှောလမုန်သည် နိုး၍အိပ်မက်ဖြစ်မှန်းကိုသိ၏။ တဖန်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ၏။

16. ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ၍ ရှေ့တော်၌ ရပ်လျက်၊

17. မိန်းမတယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တအိမ်တည်းနေကြပါ၏။ တအိမ်တည်းနေလျက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ၏။

18. သုံးရက်လွန်မှ တဖန်ဤမိန်းမသည် သားမျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှမရှိ။ သူနှင့် ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ၏။

19. ဤမိန်းမသည် ညဉ့်အခါ မိမိသားငယ်ကိုဖိ၍အိပ်မိသောကြောင့် သားငယ်သေပါ၏။

20. သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မ အိပ်ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ် အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။

21. နံနက်အချိန်၌ ကျွန်တော်မသည်သားငယ်ကို နို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျက်ရှိပါ၏။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ကြည့်ရှုသောအခါ၊ ကျွန်တော်မ ဘွားမြင်သောသားမဟုတ်ပါဟုလျှောက်၏။

22. အခြားသော မိန်းမကလည်း မဟုတ်ဘူး။ အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ်သည် သင်၏သားဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမ ကလည်း ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သားဖြစ်၏ဟုဆိုလေ၏။ ထိုသို့ရှေ့တော်၌ လျှောက်ဆိုကြလျှင်၊

23. ရှင်ဘုရင်က၊ မိန်းမတယောက်က အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ်သည် သင်၏သားဖြစ်၏ဟုဆိုလျက်၊ တယောက်ကထိုသို့မဟုတ်။ သင်၏သားသေပြီ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည် ဖြစ်၍၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 3