ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 20:7-13 Judson Bible (BJB)

7. ထိုအခါ ဣသရေလရှင်ဘုရင်သည် ပြည်သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊ ဤသူသည် အဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်မှတ်ကြပါလော့။ ငါ့ရွှေငွေသားမယားတို့ကို တောင်း၍ မှာလိုက်သော အခါ ငါမငြင်းပါတကားဟု ကြားပြော၏။

8. အသက်ကြီးသူအပေါင်းတို့နှင့် ပြည်သားအပေါင်းတို့က၊ ထိုသူ၏ စကားကိုနားထောင်တော်မမူပါနှင့်။ ဝန်ခံတော်မမူပါနှင့်ဟု ပြန်လျှောက်ကြ၏။

9. သို့ဖြစ်၍ ရှင်ဘုရင်က၊ ကိုယ်တော်သည် အထက်မိန့်တော်မူသမျှအတိုင်း ကိုယ်တော်ကျွန်ပြုပါမည်။ နောက်မိန့်တော်မူသည်အတိုင်း မပြုသင့်ဟု ငါအရှင်မင်းကြီးအား ပြန်လျှောက်ကြလော့ဟု ဗင်္ဟာဒဒ်၏သံတမန်တို့အား မှာလိုက်လျှင်၊ ထိုသူတို့သည် သွား၍လျှောက်ကြ၏။

10. တဖန်ဗင်္ဟာဒဒ်သည် စေလွှတ်၍၊ ရှမာရိမြို့၌ ရှိသော မြေမှုန့်သည် ငါ့နောက်သို့ လိုက်သောသူအပေါင်းတို့တွင်၊ တယောက်တလက်ဆုပ်စီစေ့ငလောက်လျှင်၊ ဘုရားတို့သည် ငါ၌ ထိုမျှမကပြုပါစေသောဟု မှာလိုက်လေသော်၊

11. ဣသရေလရှင်ဘုရင်က၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်ဟု ပြန်ပြော၏။

12. ဗင်္ဟာဒဒ်သည် မင်းကြီးတို့နှင့်တကွ တဲတော်၌ သောက်စဉ်၊ ထိုစကားကိုကြားလျှင် စစ်ခင်းကျင်းကြဟု မိမိကျွန်တို့အား မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မြို့ရှေ့မှာစစ်ခင်းကျင်းကြ၏။

13. ထိုအခါ ပရောဖက်တပါးသည် ဣသရေလ ရှင်ဘုရင်အာဟပ်ထံသို့လာ၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော။ သင့်လက်၌ ယနေ့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကို ဆင့်ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 20