ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 20:34-42 Judson Bible (BJB)

34. ဗင်္ဟာဒဒ်ကလည်း၊ ငါ့အဘသည် ကိုယ်တော် အဘ၏ လက်မှ လုယူသော မြို့တို့ကို ငါပြန်ပေးပါမည်။ ငါ့အဘသည် ရှမာရိမြို့၌ ရှုရိတန်းကို လုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့၌ ဣသရေလတန်းကို လုပ်ရပါသည်ဟုဆိုလျက်၊ အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက်၊ သင့်ကို ငါလွှတ်လိုက်မည်ဟုဆို၍ မိဿဟာယဖွဲ့လျက် လွှတ်လိုက်လေ၏။

35. ပရောဖက်အမျိုးသားတယောက်က၊ ငါ့ကို ရိုက်ပါလော့ဟု ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း အိမ်နီးချင်းအားဆို၏။ ထိုသူက ငါမရိုက်ပါဟု ငြင်းပယ်၏။

36. ပရောဖက်ကလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သောကြောင့် ငါ့ထံမှသွားစဉ်တွင်၊ ခြင်္သေ့သတ်လိမ့်မည်ဟုဆိုသည်အတိုင်း၊ ထိုသူသွားစဉ်တွင် ခြင်္သေ့တွေ့၍ သတ်၏။

37. အခြားသောသူကိုတွေ့၍ ငါ့ကိုရိုက်ပါလော့ဟု ဆိုပြန်လျှင်၊ ထိုသူသည် နာကျင်စွာရိုက်လေ၏။

38. ထိုပရောဖက်သည်သွား၍ မိမိမျက်နှာကို ပုဝါနှင့် ဖုံးအုပ်လျက် ရှင်ဘုရင်ကို ငံ့လင့်၏။

39. ရှင်ဘုရင်သည် ရှောက်သွားသောအခါ ထိုသူက၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ၏။ လူတယောက်သည် စစ်ပွဲထဲက ထွက်လာ၍ ကျွန်တော်၌ လူတယောက်ကို အပ်သဖြင့် ဤလူကိုစောင့်လော့။ တစုံတခုအားဖြင့် ပျောက်လျှင်သူ့အသက်အတွက် သင့်အသက်သေရမည်။ သို့မဟုတ်ငွေအခွက်တဆယ် လျော်ရမည်ဟု မှာထားသော်လည်း၊

40. ကိုယ်တော်ကျွန်သည် အရပ်ရပ်၌ အမှုများသောအခါ၊ ထိုသူ ပျောက်ပါသည်ဟု လျှောက်လျှင်၊ ဣသရေလရှင်ဘုရင်က၊ သင့်အမှုကို ထိုသို့ပင် စီရင်ရမည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော် မူ၏။

41. ထိုပရောဖက်သည်မျက်နှာဖုံးပုဝါကို ချက်ခြင်းပယ်သဖြင့်၊ ပရောဖက်တစုံတပါးဖြစ်ကြောင်းကို ဣသရေလရှင်ဘုရင်သိ၏။

42. ပရောဖက်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါကျိန်သောသူကို သင်လွှတ်သောကြောင့်၊ သင့်အသက်သည် သူ့အသက်အတွက်၊ သင့်လူတို့သည် သူ့လူတို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 20