ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 20:2-11 Judson Bible (BJB)

2. သံတမန်တို့ကို ဣသရေလရှင်ဘုရင် အာဟပ်ထံ၊ မြို့ထဲသို့ စေလွှတ်၍၊ ဗင်္ဟာဒဒ်၏အမိန့်တော်ကား၊

3. သင့်ရွှေငွေသည် ငါ့ဥစ္စာဖြစ်၏။ သင့်သားမယား အကောင်းဆုံးတို့ကိုလည်း ငါပိုင်၏ဟု မှာလိုက်သတည်း။

4. ဣသရေလရှင်ဘုရင်က အရှင်မင်းကြီး၊ အမိန့်တော်အတိုင်း ငါနှင့်ငါ့ဥစ္စာရှိသမျှသည် ကိုယ်တော်၏ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော၏။

5. သံတမန်တို့သည် တဖန်လာ၍ ဗင်္ဟာဒဒ်၏ အမိန့်တော်ကား၊ သင်ပိုင်သော ရွှေငွေသားမယားတို့ကို ငါ၌အပ်ရမည်ဟု ငါမှာလိုက်သည် အမှုမှာ၊

6. နက်ဖြန်နေ့ယခုအချိန်ရောက်သောအခါ ငါ့ကျွန်တို့ကို ငါစေလွှတ်မည်။ သူတို့သည် သင်နေသောအိမ်နှင့် သင့်ကျွန်နေသော အိမ်တို့ကိုစစ်၍ အလိုရှိသမျှ တို့ကို ယူစေရမည်ဟု မှာလိုက်သတည်း။

7. ထိုအခါ ဣသရေလရှင်ဘုရင်သည် ပြည်သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊ ဤသူသည် အဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်မှတ်ကြပါလော့။ ငါ့ရွှေငွေသားမယားတို့ကို တောင်း၍ မှာလိုက်သော အခါ ငါမငြင်းပါတကားဟု ကြားပြော၏။

8. အသက်ကြီးသူအပေါင်းတို့နှင့် ပြည်သားအပေါင်းတို့က၊ ထိုသူ၏ စကားကိုနားထောင်တော်မမူပါနှင့်။ ဝန်ခံတော်မမူပါနှင့်ဟု ပြန်လျှောက်ကြ၏။

9. သို့ဖြစ်၍ ရှင်ဘုရင်က၊ ကိုယ်တော်သည် အထက်မိန့်တော်မူသမျှအတိုင်း ကိုယ်တော်ကျွန်ပြုပါမည်။ နောက်မိန့်တော်မူသည်အတိုင်း မပြုသင့်ဟု ငါအရှင်မင်းကြီးအား ပြန်လျှောက်ကြလော့ဟု ဗင်္ဟာဒဒ်၏သံတမန်တို့အား မှာလိုက်လျှင်၊ ထိုသူတို့သည် သွား၍လျှောက်ကြ၏။

10. တဖန်ဗင်္ဟာဒဒ်သည် စေလွှတ်၍၊ ရှမာရိမြို့၌ ရှိသော မြေမှုန့်သည် ငါ့နောက်သို့ လိုက်သောသူအပေါင်းတို့တွင်၊ တယောက်တလက်ဆုပ်စီစေ့ငလောက်လျှင်၊ ဘုရားတို့သည် ငါ၌ ထိုမျှမကပြုပါစေသောဟု မှာလိုက်လေသော်၊

11. ဣသရေလရှင်ဘုရင်က၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်ဟု ပြန်ပြော၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 20