ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 18:13-27 Judson Bible (BJB)

13. ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို သတ်သောအခါ၊ အကျွန်ုပ်ပြုသောအမှုတည်း ဟူသော ထာဝရဘုရား၏ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီ ဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးကြောင်းကို အကျွန်ုပ်သခင်ကြားတော်မမူသလော။

14. ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု ပြန်ဆို၏။

15. ဧလိယကလည်း၊ ငါကိုးကွယ်သော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက် ရှင်တော်မူသည် အတိုင်း၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်ဟု ဆိုပြန်သော်၊

16. ဩဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည် ဧလိယကို ကြိုဆိုအံ့သောငှါ သွား၍၊

17. တွေ့မြင်သောအခါ၊ သင်သည် ဣသရေလ အမျိုးကို နှောင့်ရှက်သောသူမှန်သလောဟု မေးလျှင်၊

18. ဧလိယက၊ ငါသည်ဣသရေလအမျိုးကို မနှောင့်ရှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ရှက်ကြပြီ။

19. သို့ရာတွင်လူကို ယခုစေလွှတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို၎င်း၊ ဗာလပရောဖက်လေးရာ ငါးဆယ်ကို၎င်း၊ ယေဇဗေလစားပွဲ၌ စားသောအာရှရပရောဖက်လေးရာကို၎င်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟုဆိုသည်အတိုင်း၊

20. အာဟပ်သည် ဣသရေလအမျိုးသားအပေါင်း တို့ရှိရာသို့ စေလွှတ်၍၊ ပရောဖက်တို့ကို ကရမေလတောင်ပေါ်မှ စုဝေးစေ၏။

21. ဧလိယသည် လူများရှိရာသို့ လာ၍၊ သင်တို့ သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင်၊ လူများတို့ သည် တိတ်ဆိတ်စွာ နေကြ၏။

22. တဖန် ဧလိယက၊ ထာဝရဘုရား၏ ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရောဖက်ကား လေးရာငါးဆယ် ရှိကြ၏။

23. နွားနှစ်ကောင်ကို ပေးကြလော့။ သူတို့သည် တကောင်ကိုရွေး၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း နွားတကောင်ကို လုပ်၍ထင်းပေါ်မှာ တင်မည်။ မီးကိုမထည့်။

24. သင်တို့သည် သင်တို့ဘုရားများ၏ နာမကို ဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား၏ နာမတော် ကို ဟစ်ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။

25. တဖန်ဧလိယက၊ သင်တို့သည် များသောကြောင့် နွားတကောင်ကို အရင်ရွေး၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့ဟု ဗာလ၏ပရောဖက်တို့အားဆိုသည်အတိုင်း၊

26. သူတို့သည် လူများပေးသော နွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ၏နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။

27. မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံနှင့် ဟစ်ကြလော့။ ဗာလသည် ဘုရားဖြစ်တော်မူ၏။ ဆင်ခြင်လျက် နေတော်မူ၏။ သို့မဟုတ် တစုံတခုကို လိုက်၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွားတော်မူ၏။ သို့မဟုတ် ကျိန်းစက်တော်မူသောကြောင့်၊ တစုံတယောက် သောသူသည် နှိုးရမည်ဟု ပြက်ယယ်ပြု၍ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 18