ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 14:5-8 Judson Bible (BJB)

5. ထာဝရဘုရားကလည်း၊ ယေရောဗောင်မယားသည် သားနားသောကြောင့်၊ သားအတွက်တစုံတခုကို တောင်းအံ့သောငှါ သင့်ဆီသို့ ယခုလာ၏။ ဤမည်သော စကားဖြင့် ပြန်ပြောရမည်။ သူသည် လာသောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင်လိမ့်မည်ဟု အဟိယအား မိန့်တော်မူ၏။

6. ထိုမိန်းမသည် တံခါးအထဲသို့ဝင်၍၊ နင်းသံကို အဟိယသည် ကြားလျှင်၊ အိုယေရောဗောင်မယား ဝင်လော့။ အဘယ်ကြောင့် အခြားသော သူ၏အယောင်ကို ဆောင်သနည်း။ ဝမ်းနည်းစရာသိတင်းကို ကြားပြောစေခြင်းငှါ သင့်ဆီသို့ ငါ့ကိုစေလွှတ်တော်မူ၏။

7. သင်သည် ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို၊ ယေရောဗောင်ထံသို့ သွား၍ဆင့်ဆိုရမည်မှာ၊ သင့်ကိုလူစုထဲက ငါရွေး၍ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်လျက်၊

8. နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနှုတ်၍ သင့်အားပေးသော်လည်း၊ သင်သည် ငါ့ကျွန်ဒါဝိဒ်ကဲ့သို့ မဟုတ်။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက်၏။ ငါ့ရှေ့မှာ ကောင်းသောအကျင့်ကိုသာ ကျင့်မည်ဟု စိတ်နှလုံးအကြွင်းမဲ့ ငါ့ကို ဆည်းကပ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 14