ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၃ ရာ 1:42-49 Judson Bible (BJB)

42. ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန်သည်လာလျှင်၊ အဒေါနိယကဝင်ပါ။ သင်သည် လူကောင်းဖြစ်၍၊ ကောင်းသောသိတင်းကို ကြားပြော လိမ့်မည်ဟု ဆိုလျှင်၊

43. ယောနသန်က၊ အကယ်စင်စစ် ငါတို့အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။

44. ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။

45. ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန် တို့သည် ရှောလမုန်ကို ဂိဟုန်မြို့၌ ရာဇဘိသိက်ပေးပါပြီ။ ထိုမြို့မှ ဝမ်းမြောက်စွာလာပြန်၍၊ တမြို့လုံးအုတ်အုတ် ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ၏။

46. ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ၏။

47. ရှင်ဘုရင်၏ကျွန်တို့သည်လည်း တို့အရှင် ဒါဝိဒ်မင်းကြီးကို ကောင်းကြီးပေးခြင်းငှါသွား၍ ဘုရားသခင်သည် ရှောလမုန်၏နာမကို ခမည်းတော်၏နာမ ထက်သာ၍ ချီးမြှောက်တော်မူပါစေသော။ သူ၏ရာဇပလ္လင်ကို ခမည်းတော်၏ ရာဇပလ္လင်ထက်သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာ ဦးချလျက်၊

48. ငါသည် ကိုယ်မျက်စိနှင့်မြင်စေခြင်းငှါ၊ ငါ့နန်းပေါ်မှာ ထိုင်ရသောသူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး၏ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ၏။

49. ထိုအခါ အဒေါနိယနှင့် ပေါင်းဘော်သောသူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ၍ တယောက်တခြားစီ သွားကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၃ ရာ 1