ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 9:6-10 Judson Bible (BJB)

6. သို့သော်လည်း ကိုယ်တိုင်ရောက်၍ မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား၊ ကိုယ်တော်ပညာကျယ်ခြင်း အရာမှာ၊ အရင်ကြားရသော စကားသည် တဝက်ကိုမျှမမှီ။ အကျွန်ုပ် ကြားရသော သိတင်းကို ကိုယ်တော် လွန်ကဲပါ၏။

7. ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကို ကြားရ သော ကိုယ်တော် ၏လူနှင့် ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။

8. ကိုယ်တော်ကိုနှစ်သက်၍ ကိုယ်တော်၏ ဘုရား သခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင်နှင့် ရာဇပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ကိုယ်တော်၏ဘုရားသခင်သည် ဣသရေလအမျိုးကို ချစ်၍ အစဉ်အမြဲတည်စေချင်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊

9. ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည် မရှိ။

10. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက်မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 9