ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 9:25-31 Judson Bible (BJB)

25. ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်းထား၏။

26. မြစ်ကြီးမှ စ၍ဖိလိတ္တိပြည်နှင့် အဲဂုတ္တုပြည်စွန်း တိုင်အောင် ရှိသောရှင်ဘုရင်အပေါင်းတို့ကို အစိုးရ၏။

27. ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။

28. ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တပြည်အစ ရှိသော ခပ်သိမ်းသော ပြည်မှ ဆောင်ခဲ့ကြ၏။

29. ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှ အစဆုံးတို့သည်၊ ပရောဖက်နာသန်၏ကျမ်း၊ ရှိလောမြို့ သား အဟိယ၏အနာဂတ္တိကျမ်း၊ နေဗတ်သား ယေရောဗောင်တဘက်၌ ပရောဖက်ဣဒ္ဒေါ၏ ဗျာဒိတ်ကျမ်း၌ ရေးထားလျက်ရှိ၏။

30. ရှောလမုန်သည် ယေရုရှလင်မြို့၌ နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊

31. ဘိုးဘေးတို့နှင့် အိပ်ပျော်၍ခမည်းတော် ဒါဝိဒ် မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 9